Tuesday, August 4, 2015

မြန်မာပြည်အခမဲ ့ကြော်ငြာဝက်ဘ်ဆိုက် အသုံးပြုမူအတိုင်းအတာတွင်ရန်ကုန်တိုင်းမှ (၇၉)ရာခိုင်နူန်းဖြင့် ဦးဆောင်နေ



မြန်မာပြည်၏အခမဲ ့ကြော်ငြာဝက်ဘ်ဆိုက် အသုံးပြုမူနှင့်           တိုင်းနှင့်ပြည်နယ်အလိုက် ကြော်ငြာမူကို Rocket Internet Company မှ Ads.com.mm မှသတင်းထုတ်ပြန်ထားသည်။ လက်ရှိမြန်မာပြည်အတွင်းဖုန်းအသုံးပြုသူသန်းပေါင်း  (၁၉) သန်း ကျော်တွင် အွန်လိုင်းအသုံးပြုသူများမှာ လက်ရှိအချိန်တွင် (၅) သန်းနီးပါးခန် ့ရှိပြီး ရန်ကုန် ၊ မန္တလေးနှင့် ဘာအံ တောင်ကြီး တို့မှာ အင်တာနက် အသုံးပြုအများဆုံးပြည်နယ်များ ဖြစ်ကြောင်းတွေ့ရှိရသည်။ လက်ရှိအခမဲ့အွန်လိုင်း ၀က်ဘ်ဆိုက်အ သုံးပြုမူတွင် (၇၉) ရာခိုင်းနူန်းဖြင့် ရန်ကုန်တိုင်းမှဦးဆောင်နေကြောင်း အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ဖြစ်သည့် ads.com.mm မှသတင်းထုတ်ပြန်သည်။


မြန်မာပြည်ရဲ့လက်ရှိအွန်လိုင်းအသုံးပြုမူတွေက အရှိန်အဟုန်ကောင်းကောင်းနဲ ့တိုးတတ်လာတာကိုတွေ ့ ရှိလာရပါတယ်။ မြန်မာပြည်ရဲ့တိုးတတ်မူမှာ ရန်ကုန်တိုင်းက နိူင်ငံတကာရင်းနှီးမြုပ်နှံမူကလည်း မြင့်တတ်နေတယ် လူနေမူပုံစံတွေကစ တခြား တိုင်းတွေထက်မြင့်တတ်နေတဲ့ အတွက် အွန်လိုင်းအသုံပြုသူဟာလည်း သိသိသာသာမြင့်တတ်နေတာကိုတွေ ရှိနိူင်မှာ ဖြစ်ပါတယ်။လက်ရှိကျွန်တော်တို ့ ၀က်ဘ်ဆိုက်အသုံးပြုသူတွေကို ကျွန်တော်တို ့Analyse လုပ်လိုက်တော့ ရန်ကုန်တိုင်း အသုံးပြုသူက ၀က်ဘ်ဆိုက်တစ်ခုလုံးရဲ့ (၇၉) ရာခိုင်နူန်းဦးဆောင်နေတာကိုတွေ ့ရတယ်။သူ ့နောက်မှာ မန္တလေးတိုင်း(၅) ရာခိုင်နူန်း ၊ပဲခူးတိုင်းတို ့က(၃) ရာခိုင်းနူန်းလောက်ရှိပြီး ကျန်တဲ ့တိုင်းနှင့်ပြည်နယ်တွေက (၁၃) ရာခိုင်နူန်း လောက်ရှိပါတယ်။ ကျွန်တော်တို့ ၀က်ဘ်ဆိုက်မှာတပါတ်ရစ်ပစ္စည်းတွေ ပိုမိုရောင်းချလာတော့်များတယ်။ ကား၊ ဆိုင်ကယ်၊ ပရိဘောဂလိုပစ္စည်း တွေ ဖြစ်ပြီး ဖက်ရှင်နဲ ့ ဆက်စပ်ပစ္စည်းအများစုက Brand Newတွေ များတာကိုတွေ ့ရမှာပါ။ကျွန်တော်တို ့ဝက်ဘ်ဆိုက်ရဲ ့ ရည်ရွယ်ချက်အတိုင်း ကိုယ့်အတွက်အရေးအကြီးတော့ပေမယ် ့ တဘက်တလမ်းကနေ ၀င်ငွေရှာနိူင်မယ့်နည်းကို လူတွေပိုပြီး အသုံးပြုလာအောင် လတိုင်း ကံစမ်းမဲ အစီအစဉ်လေးတွေကိုလည်း ဆက်လက်ပြုလုပ်ပေးနေပါတယ် ဟု Country Manager ဖြစ်သူ Mr .Nico Poma မှပြောသည်။
ကျွန်တော်တို ့ဝက်ဘ်ဆိုက်မှာUpdate အမြဲ ဖြစ်တဲ ့Listing တွေက လစဉ် (၁၀၀၀၀) ကျော်ရှိတယ်။ အသုံးပြုမူတွေကလည်း (၂၀၁၄) ကထက်ဆိုရင် (၃၀) ရာခိုင်နူန်းလောက်တိုးတတ်လာတာကိုတွေ ့မြင်ရမှာဖြစ်ပါတယ်။ လက်ရှိ၀က်ဘ်ဆိုက်မှာ ရောင်းအားမြင့်လာတာက ဖက်ရှင်၊ ဖုန်း  ၊အိမ်ခြံမြေ  ၊ ကားနှင့်ဆက်စပ်ပစ္စည်းတွေ ဖြစ်ပါတယ်။ ကျွန်တော်တို ့ဘက်ကနေလဲ ၀ယ်သူတွေအဆင်ပြေအောင်Quality  Control ပိုင်းကို အမြဲတမ်းအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးထားပါတယ်။ ကြော်ငြာအတုဖြစ်နိုင်ချေများတဲ့ ပုံမှန်မဟုတ်တဲ့စျေးနှုန်းနဲ့ပစ္စည်းရောင်းချမှုတွေတွေ့ရှိလာခဲ့ရင် ကျွန်တော်တို့ကနေပြီးတော့ ရောင်းသူကိုတိုက်ရိုက်ဆက်သွယ်ပြီး အမှန်တကယ်ရောင်းချမှုဖြစ် မဖြစ်၊ ဆက်သွယ်လို့ ရမရ စုံစမ်းစစ်ဆေး ပြီးမှခွင့်ပြုပေးတာဖြစ်ပါတယ်။ ပေးထားတာဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို ့ဝက်ဘ်ဆိုက်ပေါ်မှာ ပစ္စည်းအရေအတွက်ပေါင်း (၄၁၀၀၀) ကျော်ကို ရှာဖွေဝယ်ယူနိူင်ပါတယ် ဟု Head of Content  Developer ဖြစ်သူ ကိုဟိန်းအောင်ကျော်မှ ပြောသည်။
လက်ရှိမြန်မာပြည်တွင် အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်များ တစစ များပြားလာသည်နှင့်အမျှ စွန် ့ ဦးတီထွင်လုပ်ငန်းလုပ်ကိုင်သူများ နဲ့ကိုယ့်ပိုင်အသေးစားလုပ်ငန်းများလုပ်ကိုင်သူများမှာ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ကို မိမိလုပ်ငန်းများကိုလူများပိုမို အကျွမး်ဝင်ပြီး လူသိများစေရန် ပိုမိုအသုံးပြုလာကြောင်းတွေ ့ရှိရသည်။

No comments: