Wednesday, August 12, 2015

Citi နှင့် Standard Chartered Bank တို့အား မြန်မာနိုင်ငံဆိုင်ရာ Credit Ratings အကြံပေးအဖွဲ့များ အဖြစ်ခန့်အပ်



 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရသည် Citi နှင့် Standard Chartered Bank  တို့အား မြန်မာနိုင်ငံအစိုးရနှင့် အကဲဖြတ်အဖွဲ့များဖြစ်ကြသော Standard & Poor’s, Fitch Ratings နှင့် Moody’s တို့အကြား ချိတ်ဆက် ဆောင်ရွက်ပေးကာ မြန်မာနိုင်ငံဆိုင်ရာ ငွေရေးကြေးရေးဆိုင်ရာ အဆင့်သတ်မှတ်ခြင်း (Credit Ratings) အကြံပေးအဖွဲ့များအဖြစ် ဆောင်ရွက်ရန် ခန့်အပ်လိုက်ပါသည်။ ထို့အပြင် အကြံပေးအဖွဲ့များသည် မြန်မာနို်င်ငံမှ လက်ရှိဆောင်ရွက်လျက်ရှိသော ငွေကြေးစျေးကွက် နှင့် ရင်းနှီးမြှပ်နှံမှုအတွက် လိုအပ်သည့် အချက်အလက်များ စုဆောင်းရေးကို ပိုမိုတိုးတက်ကောင်းမွန်ရန် နှင့် ရင်းနှီးမြှုပ်နှံသူတို့နှင့် ထိတွေ့ဆက်ဆံရေးတွင် ပိုမိုအကျိုးရှိစေရန် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးဆိုင်ရာ အဆင့်သတ်မှတ်ခြင်း (credit rating) ခရီးစဉ်သည်  အစိုးရ၏ လုပ်ငန်းစဉ်များ နှင့် အကဲဖြတ်အဖွဲ့ဝင်များ (ratings agencies) အနေဖြင့် အရည်အသွေးပြည့်မှီသော အချက်အလက်များကို စုဆောင်း ဆန်းစစ်နိုင်ခြင်း တို့အပေါ်တွင် မူတည်နေပါသည်။






ယုံကြည်စိတ်ချရသော credit rating စနစ်တစ်ခု ရှိခြင်းသည် နိုင်ငံတကာစျေးကွက်တွင် မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းမြင်သာမှု ရှိလာစေမည်ဖြစ်ပြီး နို်င်ငံတကာရင်းနှီးမြှုပ်နှံသူများ အကြားတွင်လည်း တိုင်းပြည်၏ အနေအထား ပိုမိုခိုင်မာလာမည် ဖြစ်ပါသည်။ ကောင်းမွန်သော credit rating ရှိခြင်းအားဖြင့် နိုင်ငံ၏ ငွေချေးငှားမှု အတွက်ကုန်ကျစရိတ် သက်သာလာစေမည်ဖြစ်သည့်အပြင် ငွေအရင်းအနှီး ရှာဖွေဖော်ဆောင်ရေးကိုလည်း ကောင်းမွန်စေမည်။ ပွင့်လင်းမြင်သာမှုရှိခြင်းသည် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံအပေါ် ယုံကြည်စိတ်ချမှုများ ပိုမိုတိုးပွားလာစေမည်ဖြစ်ကာ ထိုမှတဆင့် နိိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုများ တိုးတက်မြင့်မားလာစေမည်လည်းဖြစ်ပါသည်။ ထိုသို့ဖြင့် မြန်မာနို်င်ငံ၏ပုံရိပ် တိုးတက်ကောင်းမွန် လာမည်ဖြစ်ကာ ပိုမိုကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များဆီသို့ ဦးတည်သွားနိုင်မည် လည်းဖြစ်ပါသည်။


Citi နှင့် Standard Chartered Bank တို့အားရွေးချယ်ရခြင်းမှာ ၎င်းအဖွဲ့အစည်း နှစ်ခုတို့သည် အခြားသော နိုင်ငံအစိုးရများအား credit ratings စနစ်နှင့် ပတ်သတ်ပြီး ဝန်ဆောင်မှုပေးရာတွင် အထူးတလည် အတွေ့အကြုံများ ရရှိထားပြီး ဖြစ်သောကြောင့် ဖြစ်ပါသည်။

No comments: