Tuesday, February 24, 2015

အပြည်ပြည်ဆိုင်ရာဈေးကွက်များတွင် ရွှေ၊ငွေကြေးနှင့် စတော့ရှယ်ယာအရောင်းအ၀ယ်(Online) လက်တွေ့ပြုလုပ်နည်းသင်တန်း

နိုင်ငံတကာနှင့် မြန်မာ့ ရွှေ ငွေကြေး ဈေးကွက်တွင်ဝင်ရာက်လိုသောသူများ၊ပြည်တွင်းမှနေပြီး ရွှေ၊ငွေကြေးနှင့် စတော့ဝယ်ရောင်းလုပ်လိုသောလုပ်ငန်းရှင်များနှင့် အကျိုး ဆောင်ကြီးများ၊ လက်တွေ့လုပ်ဆောင်နိုင်ရန်နှင့်လုပ်ငန်းဆောင်ရွက်ရာတွင်လွယ်ကူနားလည်တတ်ကျွမ်းစေရန်ရည်ရွယ်လျှက်Myanmar Golden Link နှင့် Tip Top Education Group တို့ပူးပေါင်း၍"အပြည်ပြည်ဆိုင်ရာဈေးကွက်များတွင် ရွှေ၊ငွေကြေးနှင့် စတော့ရှယ်ယာအရောင်းအ၀ယ်လက်တွေ့ပြုလုပ်နည်း"သင်တန်းကို ၂၀၁၅ မတ်လ ၂ ရက်နေ့မှ ၆ ရက်နေထိ မန္တလေးမြို့နှင့် မတ်လ ၁၆ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိရန်ကုန်မြို့ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါ သည်။

သင်ကြားပို့ချပေးမည့်ဘာသာရပ်များမှာ အွန်လိုင်းအသုံးပြုလျှက် နိုင်ငံတကာရွှေ၊ငွေကြေး ဈေးကွက်တွင် ရောင်း/၀ယ်ခြင်း Introduction to Electronic Financial Trading ( Online Gold Trading) ရွှေ၊ငွေကြေး နှင့် စတော့ရှယ်ယာများ ရောင်း/၀ယ်ခြင်း မိတ်ဆက် Introduction to Share Trading CFDs နည်းအသုံးပြုပြီး ရွှေ၊ငွေကြေး ရောင်းဝယ်ခြင်း Introduction to CFDs နိုင်ငံတကာငွေကြေးများ ရောင်း/၀ယ်ခြင်း Introduction to Forex Trading( Currency Trading) စသည့်ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေး မည်ဖြစ်ကြောင်း သိရပါသည်။

သင်တန်းတက်ရောက်မည့်သူများသည် အွန်လိုင်း အင်တာနက်အသုံးပြုတတ်သူများဖြစ်ရန်လိုအပ်ပြီး သင်တန်းတက်ရောက်ပါ အင်တာနက်ပါအသုံးပြုနိုင်သော ဖုန်း(သို့) တက်ဘလက်(သို့) လက်တော့ပ် ယူဆောင်လာရန်လိုအပ်ပါသည်သင်တန်းသားများထဲမှလက်တွေ့စမ်းသပ်လုပ်ကိုင်လိုသူများကို Demo Account ဖွင့်ပေးခြင်း၊ အမှန်တကယ်အရောင်း အ၀ယ် လုပ်လိုသူများကို Real Time Accountဖွင့်ပေးခြင်းများအခမဲ့ဆောင်ရွက်ပေးပါမည်။

တန်းခွဲတစ်ခုလျှင်လူဦးရေ(၁၅)သာလက်ခံမည်ဖြစ်ပါ၍ကြိုတင်စာရင်းပေးသွင်းထားရန်လိုအပ်ပါသည်။
အသေးစိတ်သိရှိလိုလျှင်သော်လည်းကောင်း၊စာရင်းပေးသွင်းလိုလျှင်သော်လည်းကောင်း၊Myanmar Golden Link ၀၉ ၉၇၄၄ ၁၈ ၄၄၄( ရန်ကုန်)၊ ၀၉ ၉၇၄၄ ၁၈ ၅၅၅ (မန္တလေး)Tip Top Education Group ၀၁ ၂၅၄၈၈၉၊ ၀၉ ၇၃၀ ၅၀ ၃၇၀ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါသည်။

No comments: