Tuesday, February 24, 2015

“ BCA Academy ၏2015 April Intake အတွက် နောက်ဆုံးအကြိမ် ၀င်ခွင့်စာမေးပွဲနှင့် ပညာရေးဆွေးနွေးပွဲ ကျင်းပမည်”

“ BCA Academy ၏2015 April Intake အတွက် နောက်ဆုံးအကြိမ် ၀င်ခွင့်စာမေးပွဲနှင့် ပညာရေးဆွေးနွေးပွဲ ကျင်းပမည်”
မြန်မာကျောင်းသား/သူများ စင်္ကာပူနိုင်ငံတွင် အင်ဂျင်နီယာကောင်းများအဖြစ် ရပ်တည်နိုင်မည့် အခွင့်အရေးတစ်ခု အဖြစ် စင်ကာပူ နိုင်ငံရှိ BCA Academy (Building and Construction Authority) တွင် တက်ရောက် သင်ယူနိုင်ကြောင်းသိရှိရပါသည်။ထိုBCA Academy ၏ 2015 April Intake အတွက် ပညာရေးဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့(စနေနေ့) နေ့လည် ၂နာရီမှ ၄နာရီအထိ ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်တွင် ကျင်းပမည် ဖြစ်ကြောင်း Care Forever Services Co.,Ltd မှ သိရှိရပါသည်။ ထို့ပြင် BCA Academy ၏ ၀င်ခွင့်စာမေးပွဲ ကို မတ်လ ၁ ရက်နေ့(တနင်္ဂနွေနေ့)တွင် ဆီဒိုနားဟိုတယ် ၌ ဖြေဆိုရမည် ဖြစ်ကြောင်းလည်းသိရှိရပါသည်။
BCA Academy (Building and Construction Authority) သည် စင်္ကာပူနိုင်ငံရှိ အမျိုးသားဖွံ့ဖြိုးရေးဝန်ကြီးဌာနလက်အောက်တွင် ရှိသည့် အစိုးရ အင်ဂျင်နီယာ ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ထို ကျောင်းတွင် သင်ယူနိုင်သော Engineering ဘာသာရပ် (၈)ခု မှာ ၁)Diploma in Construction Engineering ,၂)Diploma in Design(Interior and Landscape), ၃)Diploma in Mechanical Engineering, ၄)Diploma in Facilities Management, ၅) Diploma in Electrical Engineering and Clean Energy, ၆)Diploma in Construction Information Technology ၇)Diploma in Quantity Surveying ၈)Diploma in Architecture(Technology) ဘာသာရပ်များရှိပါသည်။ Diploma in Design(Interior and Landscape)နှင့် Diploma in Architecture(Technology)  ဘာသာရပ်များ ကိုရွေးချယ်မည်ဆိုပါက English နှင့် Drawing ဘာသာရပ်ကိုဖြေဆိုရမည်ဖြစ်ပြီး အခြားဘာသာရပ်များကို ရွေးချယ်ပါက English နှင့် Maths ကို ဖြေဆိုရမည်ဟု သိရှိရပါသည်။BCA Academy ၏ Diploma သင်တန်းကာလ (၃)နှစ်ကြာမြင့်မည်ဖြစ်ပြီး (၂)နှစ်ခွဲပြီးဆုံးချိန်တွင် Job Attachment ရှိခြင်းကြောင့် လုပ်ငန်းခွင်မဝင်မှီ ကြိုတင်၍ အလုပ်အတွေ့အကြုံ ရရှိနိုင်မည်ဖြစ်ပါသည်။ BCA Academy မှ ကျောင်းဖွင့်ချိန်မှာ နှစ်စဉ် ဧပြီလ နှင့် အောက်တိုဘာလ များဖြစ်ပါသည်။
 BCA Academy ကျောင်းသို့တက်ရောက်လိုသူများသည် IELTS/TOFEL  ၊ တက္ကသိုလ်ဝင်တန်း အမှတ် အနည်း အများမလိုဘဲ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများနှင့် GCE ‘O’ Level အောင်မြင်ပြီးသူများတက်ရောက်နိုင်ပါသည်။ အမှတ်စာရင်း အနည်းအများ မလိုသော်လည်း ဝင်ခွင့်စာမေးပွဲတွင် ဘာသာရပ်နှစ်ခုလုံး အောင်မြင်အောင် ဖြေဆိုရမည်ဖြစ်ပါသည်။ ပထမနှစ်ရမှတ်ကို ကြည့်ပြီး အမှတ်ကောင်းသော ကျောင်းသားကျောင်းသူများသည် Government Scholarship ကို လျှောက်ထားနိုင်ပါသည်။ ၀င်ခွင့်စာမေးပွဲ ဖြေဆိုလိုသူများအနေဖြင့် ဖေဖော်ဝါရီလ (၂၄)ရက်နေ့အထိ နောက်ဆုံးထားစာရင်းပေးသွင်းနိုင်ပြီး   ကျောင်းအပ်နှံသူများကိုလည်း 5% Discount ပေးအပ်သွားမည်ဖြစ်ပါသည်။

ပညာရေးဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် Care Forever Services သို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီး ၀င်ခွင့်စာမေးပွဲအတွက် အသေးစိတ်သိရှိလိုသည်များကို BCA Academy ၏ မြန်မာပြည်တရားဝင်ကိုယ်စားလှယ်ရုံးဖြစ်သော Care Forever Services Co., Ltd.  ဖုန်း 01-571236, 09-5166 240, 09-8625 443 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

No comments: