Tuesday, February 24, 2015

GDP နည်းပါးသော်လည်း e-commerce လုပ်ငန်းများ မြန်မာနိုင်ငံတွင် ပုံစံမျိုးစုံဖြင့် စတင်နေပြီဖြစ်

အာဆီယံစီးပွားရေး အသိုက်အ၀န်းအတွင်း GDP နည်းပါးသော်လည်း e-commerce လုပ်ငန်းများ မြန်မာနိုင်ငံတွင် ပုံစံမျိုးစုံဖြင့် စတင်နေပြီဖြစ်


အာဆီယံစီးပွားရေး အသိုက်အ၀န်း (ASEAN Economic Community) တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု GDP မှာ နည်းပါးလျှက်ရှိနေသော်လည်း e-commerce လုပ်ငန်းများကို ပုံစံမျိုးစုံဖြင့် စတင်လျှက်ရှိနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။ အာဆီယံနိုင်ငံအချင်းချင်း လွပ်လပ်စွာကူးသန်းရောင်းဝယ်မှု ပြုလုပ်ရာတွင် တတိယအလားအလာ အကောင်းဆုံးမှာ အိုင်တီ၊ နည်းပညာနှင့် တယ်လီကွန်းလုပ်ငန်းများ ဖြစ်သောကြောင့် e-commerce လုပ်ငန်းများ အားကောင်းလာမည်ဟု သတ်မှတ်နိုင်ပြီး အွန်လိုင်းဝန်ဆောင်မှုများ အသုံးပြုသူအရေအတွက် တိုးတက်လာခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ကြောင်း Work.com.mm အွန်လိုင်းမှတဆင့် အလုပ်အကိုင်ရှာဖွေနိုင်သော ၀က်ဘ်ဆိုက်လုပ်ငန်းစုမှ သိရှိရပါသည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုရရှိရာတွင် ဒေါ်လာသုံးဘီလီယံဖြင့် အာဆီယံ ၁၀ နိုင်ငံအတွင်း အဆင့် ၇ နေရာတွင်သာရှိနေသေးကြောင်း ၂၀၁၅ခုနှစ် ဇန်န၀ါရီလတွင် AEC မှထုတ်ပြန်ခဲ့သော GIA White paper အရသိရသည်။ သို့သော်လည်း အင်တာနက်စီးပွားရေးလုပ်ငန်းများနှင့် တယ်လီကွန်းလုပ်ငန်းများ အတွက် စီးပွားရေးအခွင့်အလမ်းကောင်းများစွာ ရှိနေသည့်နိုင်ငံဟု သတ်မှတ်ခြင်းခံထားရပြီး နိုင်ငံတကာ အင်တာနက်စီးပွားရေးကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှုများ ရရှိလာနေပြီဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အင်တာနက်စီးပွားရေးလုပ်ငန်းများကို ကျယ်ပြန့်စွာလုပ်ကိုင်လျှက်ရှိသော Rocket Internet ကုမ္ပဏီမှ လက်ရှိလုပ်ကိုင်လျှက်ရှိသော House.com.mm, Mortors.com.mm, Work.com.mm, Ads.com.mm, Kaymu.com.mm တို့အပြင် Shop.com.mm ၀က်ဘ်ဆိုက်အသစ်ကို စတင်လျှက်ရှိနေပြီ ဖြစ်သောကြောင့် e-commerce လုပ်ငန်းများတွင် တိုးချဲ့ရင်းနှီးမြုပ်နှံခြင်းကိုတွေ့နိုင်ပြီး နိုင်ငံတွင်း စွန့်ဦးတီထွင်သူများမှာလည်း မိမိတို့၏ e-commerce စီးပွားရေး plan ကောင်းများကိုလည်း စတင်လုပ်ကိုင်လာကြပြီ ဖြစ်ကြောင်းသိ၇ှိရပါသည်။
မြန်မာနိုင်ငံတွင် လူသုံးများလာသော e-commerce လုပ်ငန်းများမှာ ဈေးရောင်းဈေးဝယ်လုပ်ငန်းများ၊ အလုပ်အကိုင်ရှာဖွေခြင်းလုပ်ငန်းများ၊ အိမ်ခြံမြေရှာဖွေခြင်းလုပ်ငန်းများဖြစ်ပြီး လက်ရှိ အွန်လိုင်းအော်ဒါ အများစုမှာ ငွေကြိုတင်ပေးချေထားခြင်း၊ ဘဏ်မှတဆင့်ပေးပို့ခြင်း နှင့် ပစ္စည်းလက်ခံရရှိသည့်အခါမှ ငွေချေခြင်းဖြင့်သာ လုပ်ကိုင်နေကြရပါသည်။ အွန်လိုင်းမှတဆင့် ငွေပေးချေနိုင်ရန်အတွက် ဘဏ်အချို့နှင့် ကြားခံကုမ္ပဏီများရှိနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံလူဦးရေ၏ ၅%သာ အွန်လိုင်းငွေကြေးပိုင်း ဆိုင်ရာအပါအ၀င် ဘဏ်ဝန်ဆောင်မှုမျိုးစုံကို ပါဝင်အသုံးပြုလျှက်ရှိနေသောကြောင့် ငွေသားတိုက်ရိုက် ပေးချေခြင်းစနစ်ကိုသာ ဆက်လက်သုံးစွဲနေကြဦးမည်ဖြစ်ပါသည်။ အွန်လိုင်းငွေပေးချေသည့် စနစ်များပျံနှံလာပါက e-commerce လုပ်ငန်းများလည်း ပိုမိုမြန်ဆန်စွာ ရောင်းဝယ်ဖောက်ကားနိုင်လာကြပြီး အွန်လိုင်းစီးပွားရေးများ ပိုမိုအသက်ဝင်လာမည်ဖြစ်ကြောင်း Work.com.mm ၀က်ဘ်ဆိုက်မှဆိုသည်။

No comments: