Tuesday, February 24, 2015

FMI Air မှ နေပြည်တော်သို့  နေ့စဉ် ခရီးစဉ်သစ် ပျံသန်းပြေးဆွဲခြင်း

FMI Air မှ နေပြည်တော်သို့  နေ့စဉ် ခရီးစဉ်သစ် ပျံသန်းပြေးဆွဲခြင်း

ရန်ကုန်၊ ၂၄ ဖေဖေါ်ဝါရီ ၂၀၁၅ - FMI Air Ltd၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ FMI Air သည်  မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တရားဝင် လေယာဉ်ပျံသန်း ၀န်ဆောင်ခွင့် လက်မှတ် ရရှိခဲ့ပြီး ယင်းအခမ်းအနားကို ရန်ကုန်မြို လေကြောင်းညွှန်ကြားမှု ဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရှိ ရပါသည်။ အဆိုပါ လက်မှတ်သည် FMI Air အား စင်းလုံးဌား ၀န်ဆောင်မှု မှ ယင်းပိုင်  Bombordier CRJ 200 Jet လေယာဉ် ဖြင့်  နေ့စဉ် ပုံမှန် အချိန်စာရင်းလိုက် ပျံသန်း ၀န်ဆောင်မှု ပေးသော လေကြောင်းလိုင်းအဖြစ်သို့  ကူးပြောင်းခွင့်ကို ပေးနိုင်သော အထောက်အပံ့ဖြစ်စေသည့် လက်မှတ် ဖြစ်ပါသည်။

ထို့အပြင် FMI Air သည် ၂၅ ရက်နေ့  ဖေဖေါ်ဝါရီမှ စတင် မနလေးသို့  နေ့ စဉ် ပျံသန်း ပြေးဆွဲတော့ မည် ဖြစ်ပါသည်။ ခရီးစဉ်သစ် ပြေးဆွဲ ခြင်း အပြင် လက်ရှိစင်းလုံးငှား အချိန်စာရင်းပြည့် ဖြင့် ရန်ကုန်မှ နေပြည်တော်သို့  ပျံသန်းခြင်းကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရှိရ ပါသည်။

FMI Air မှ အမှုဆောင်အရာချုပ်ဖြစ်သော Mr Bruce Nobles က “ ကျွန်တော်တို့  AOC လက်မှတ်ရရှိကြောင်း ထုတ်ပြန်ကြေငြာမှု အတွက် အလွန်ပဲ စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော်တို့ပြေးဆွဲလိုတဲ့ လေယာဉ်အမျိုးအစားသစ်ဖြင့်  လေယာဉ်ပျံသန်း ၀န်ဆောင်ခွင့် လက်မှတ် ရရှိရန်အတွက် မြန်မာနိုင်ငံလေကြောင်းညွှန်ကြားမှု ဦးစီးဌာနနှင့် အတူတကွ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရဲ့ ခရီးသည်များကို Bombardier CRJ 200 လေယာဉ်အမျိုးအစားဖြင့် မြန်မာနိုင်ငံတွင်း ဒေသများသို့  ပို့ ဆောင်ပေးနိုင်ရန် ကိုလည်း လွန်စွာ စိတ်အားထက်သန် နေမိပါတယ်။ ကျွန်တော်တို့ ရဲ့  ၀န်ဆောင်မှု အားလုံးဟာ ခရီးသည်များအတွက် သာလွန်ကောင်းမွန်တဲ့ ခရီးသွားလာမှု အတွေ့ အကြုံတွေကို ရရှိစေလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသွားပါသည်။


မနလေးမြို့ နှင့် လက်ရှိ ပျံသန်းပြေးဆွဲနေသော ရန်ကုန် နေပြည်တော် မြို့  ခရီးစဉ်များသည် FMI Air ၏ CRJ 200 လေယာဉ်ဖြင့် ပြေးဆွဲမည့် ပထမဆုံး ဈေးကွက် ဖြစ်ပါသည်။  လေယာဉ်အရေအတွက် များပြားလာသည်နှင့် အမျှ ခရီးစဉ်များ တိုးချဲ့ပျံသန်းမည်ဖြစ်ပြီး ဒုတိယမြောက်လေယာဉ်မှာ မတ်လကုန် နှင့် မေလ အစောပိုင်း ၀န်းကျင် တွင် ရောက်ရှိမည် ဖြစ်ပါသည်။ လေယာဉ်အရေအတွက် လုံလောက်စွာ ဖြည့်တင်းနိုင်သည်နှင့် အမျှ ပြည်တွင်းမှ အခြား လေကြောင်းလိုင်း မှ ငှားရမ်းအသုံးပြုမှု အစား ကိုယ်ပိုင်လေယာဉ်များဖြင့် ပျံသန်းပြေးဆွဲမှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်။

လက်ရှိပျံသန်းနေသော ရန်ကုန်နှင့် နေပြည်တော် ခရီးစဉ်များ အတွက်လည်း FMI Air မှ ၀န်ဆာင်မှုပေးထားသော လေဆိပ်အတွင်း အထူးနားနေခန်း အသုံးပြုခွင့် ၀န်ဆောင်မှုကို မနလေးမြို့  ခရီးစဉ်အတွက်လည်း စီစဉ်ထားရှိပါသည်။ တိုးချဲ့  ထားသော ခရီးစဉ် သစ်အတွက် reservations@fmiair.com သို့  တိုက်ရိုက် ကြိုတင် စာရင်းသွင်းနိုင်ပြီ ဖြစ်ပါသည်။

FMI Air CRJ-200 schedule commencing 25 February 2015:

Weekday Schedule
NYT - RGN

RGN - MDL

NYT - MDL
ORG
DES
DEP
ARR
ORG
DES
DEP
ARR
ORG
DES
DEP
ARR
NYT
RGN
08:35
09:35
RGN
MDL
15:05
16:15
NYT
MDL
09:00
09:50
NYT
RGN
13:30
14:30
MDL
RGN
10:20
11:30
MDL
NYT
16:45
17:35
NYT
RGN
18:20
19:20








RGN
NYT
07:15
08:15








RGN
NYT
10:45
11:45








RGN
NYT
17:00
18:00









Weekend Schedule
NYT - RGN

RGN - MDL


ORG
DES
DEP
ARR
ORG
DES
DEP
ARR




NYT
RGN
10:05
11:00
RGN
MDL
17:05
18:15




RGN
NYT
20:25
21:20
MDL
RGN
18:45
19:55





No comments: