Wednesday, April 6, 2016

Work.com.mm ၏နယ်လှည့်ပညာပေးအစီအစဉ်တရပ်ကို အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မြို့တွင်ကျင်းပပြုလုပ်ခဲ့


မြန်မာပြည်တွင်းဦးဆောင်အလုပ်ရှာဖွေရေးဝက်ဘ်ဆိုဒ်ဖြစ်သော work.com.mm သည်ယင်းဝက်ဘ်ဆိုဒ်၏ရည်မှန်းချက်များဖြစ်သောလုပ်ငန်းရှင်များနှင့်အလုပ်ရှာဖွေသူများအားအကောင်းဆုံးစုံစည်းပေးနိုင်ရန်၊ပွင့်လန်းလာသည့်နိုင်ငံရေးနိုင်ငံရေးနှင့်စီးပွားရေးအပေါ်အခြေခံ၍ဝင်ရောက်လာမည့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းများအတွက်လူ့စွမ်းအားအရင်းအမြစ်များပံ့ပိုးပေးနိုင်ရန်ရည်ရွယ်၍ အလုပ်လျှောက်လွှာပြင်ဆင်နည်း၊ cover letter ရေးသားနည်း၊အင်တာဗျူးဖြေဆိုရန်ပြင်ဆင်နည်းစသည့်တို့ကိုအစိုးရနှင့်ပုဂ္ဂလိကကျောင်းများနှင့်ပူးပေါင်းဆောင်ရွက်ပေးလျှက်ရှိနေပါသည်။ယခုလ ဧပြီသုံးရက်နေ့တွင်လည်း work.com.mm နှင့် ADRA( အာဒရာမြန်မာအစိုးရမဟုတ်သောအဖွဲ့အစည်း) နှင့်ပူးပေါင်း၍ အစိုးရနည်းပညာအထက်တန်းကျောင်းဘားအံတွင်အလုပ်အအကိုင်အခွင့်အလမ်းဆိုင်ရာ
“ ကျွန်တော်တို့ဒီလိုစီစဉ်ဖြစ်တာက-ဒီဘက်ကလူငယ်တွေကိုလည်းအလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာနှင့်ပတ်သတ်တဲ့အသိပညာတွေပေးချင်တယ်။အလုပ်အမြန်ရဖို့ဘာတွေလိုမလဲ၊အင်တာဗျူးအတွက်ဘယ်လိုပြင်ဆင်မလဲဆိုတာတွေအပြင် ၊အင်တာနက်ကိုအကျိုးရှိရှိအသုံးချတက်အောင်ရယ်၊အမြင်ကျယ်လာစေချင်တာရယ်စတဲ့ရည်ရွယ်ချက်တွေနှင့်   ပြုလုပ်ပေးခဲ့တာပါ။ဒီဘက်မှာကအိမ်နိးချင်းနိုင်ငံဘက်မှာဘဲအလုပ်သွားလုပ်တတ်တဲ့လွမ်းမှိုးမှုကလည်းရှိနေတော့၊ဒါကိုလည်းဖြေလျော့ချင်တာရယ်၊ကိုယ်ပိုင်ကိုယ်တိုင်ရပ်တည်နိုင်အောင်ဆိုပြီးဒီအစီအစဉ်ကိုလုပ်ပေးဖြစ်တာပါလို့” အာဒရာမြန်မာမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကြံပေးအရာရှိ ဦးစောသူရမောင်ကပြောကြားပါတယ်။
ပညာပေးအစီအစဉ် နှင့်စိတ်ဓတ်မြှင့်တင်မှုဆိုင်ရာဟောပြောပို့ချပွဲတခုပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။အဆိုပါဟောပြောပွဲအခမ်းအနားကိုဘားအံမြို့အစိုးရနည်းပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ပြီး ADRA ( အာဒရာမြန်မာ) ကအဓိကစီစဉ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ADRA (အာဒရာမြန်မာ) သည်အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှင့်ပူးပေါင်း၍သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နည်းပညာနှင့်သက်မွေးပညာဦးစီးဌာန၏ခွင့်ပြုချက်ဖြင့် ကရင်ပြည်နယ်ရှိလူငယ်လူရွယ်များအသက်မွေးဝမ်းကြောင်းပညာရပ်များကိုစနစ်တကျတတ်မြောက်ပြီး၊မိမိ၏ကိုယ်ပိုင်ဘဝကိုကျွမ်းကျင်မှုအတက်ပညာဖြင့်လှပစွာထုဆစ်နိုင်ရန်၊ကိုယ်ပိုင်ဝင်ငွေဖြင့်ရပ်တည်နိုင်စေရန်အတွက်ကျွမ်းကျင်မှုအသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းများကိုပံံပိုးပေးလျှက်ရှိသည်။လက်ရှိတွင် အာဒရာမြန်မာသညအစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)မှဖွင့်လှစ်သော အခြေခံစက်ချုပ်သင်တန်း၊မွမ်းမံစက်ချုပ်သင်တန်း၊အခြေခံကွန်ပျူတာသင်တန်း၊အဆင်မြင့်ကွန်ပျူတာသင်တန်း၊လျှပ်စစ်နှင့်စက်ပြင်သင်တန်း၊အခြေခံစီးပွားရေးနှင့်ဘဝတွက်တာကျွမ်းကျင်ပညာရပ်သင်တန်းစသည်တို့ကိုပံံပိုးကူညီပေးလျှက်ရှိနေပြီးအလုပ်သင်အနေဖြင့်ဝင်ရောက်ဆောင်ရွက်ပေးလျှက်ရှိနေကြောင်းသိရသည်။

No comments: