Wednesday, April 6, 2016

CB Securities က ငွေချေးသက်သေခံ လက်မှတ် ဝန်ဆောင်မ ှု လုပ်ငန်းများ အတွက် Omnesys NEST™ စတော့ရှယ်ရာ ရောင ်းဝယ်မှုစနစ် အား အသုံးပြုသွားရန် ရွေးချယ်


CB Bank၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သည့် CB Securities
(ငွေချေးသက်သေခံလက်မှတ် ကုမ္ပဏီသည် ၎င်းတို့၏ ငွေချေးသက်သေခံလက်မှတ် ဝန်ဆောင်မှု လုပ်ငန်းများ အတွက် Thomson Reuters ၏ Omnesys NEST™ စတော့ရှယ်ရာ ရောင်းဝယ်မှုစနစ် (Trading Solution Platform) အား
အသုံးပြုသွားရန် ရွေးချယ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Thomson Reuters ၏ Omnesys NEST ™ သည် အာရှ-ပစိဖိတ် ဒေသတွင်းရှိ တိုးတက်ဖွံွ့ဖြိုးဆဲ ငွေကြေးစျေးကွက်များတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် စတော့ရှယ်ယာ ရောင်းဝယ်မှု ထိန်းချုပ်ဆော့ဖ်ဝဲ တစ်ခုဖြစ်ပြီး
သုံးစွဲသူများအား မှန်ကန်သည့် ဆုံးဖြတ်ချက်များနှင့် ထိရောက်စွာ ဝန်ဆောင်မှုပေးအပ်နိုင်မည်ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

“ဒီစနစ်ဟာ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုမယ့် client တွေအတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ဆောင်ကျဉ်းပေးလာမှာပါ။
ရန်ကုန်စတော့အိတ်ချိန်းမှာ အရောင်း အဝယ် ပြုလုပ်နေတဲ့
အများပိုင်ကုမ္ပဏီများရဲ့ အစုရှယ်ယာများကို ဝယ်ယူရောင်းချပြီး
ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြတဲ့အခါမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပိုင်ဆိုင်မှုဆိုင်ရာ မှတ်တမ်း Portfolio များကို ဆထက်တစ်ပိုး
တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်ကြတော့မှာ ဖြစ်ပါတယ်” ဟု CB Securities မှ မန်နေဂျင်းဒါရိုက်တာ ဦးသောင်းဟန်က ပြောသည်။
 

No comments: