Wednesday, April 6, 2016

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်ပြီး ပူပြင်းတဲ့ရာသီဥတုကို ဘယ်လို အန်တုမလဲ



တစ်နိုင်ငံလုံးမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းတန်ဖိုးဟာ
အမြင့်ဆုံးဖြစ်တဲ့ (> 11.0) လွန်ကဲအဆင့် Extreme Level ကို
စတင်ရောက်ရှိှနေပြီလို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။
ဒီလို ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့်ရောက်ပြီဆိုရင် ကြုံတွေ့နိုင်တဲ့
ကျန်းမာရေးဆိုင်ရာ အန္တရာယ်တွေကတော့ အသားနေလောင်ခြင်း၊
အရေပြားကင်ဆာဖြစ်စေတတ်ခြင်း၊ မျက်စိအမြင်အာရုံထိခိုက်စေနိုင်ခြင်းနဲ့
သားသမီးမရနိုင်သောရောဂါရရှိစေနိုင်ခြင်းတို့ဖြစ်ကြပါတယ်။
ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့်ရောက်ရှိနေတဲ့ နေရောင်ခြည်အောက်မှာ
အချိန်ကြာမြင့်စွာ အကာအကွယ်မဲ့နေထိုင်းခြင်းဟာ ကျန်းမာရေးအတွက်
အန္တရာယ်ကြီးမားနိုင်ပါတယ်။ ဒါကြောင့် နေရောင်ခြည်ထဲမှာ အကာအကွယ်မဲ့
နေထိုင်သွားလာခြင်းက ရှောင််ကြဉ်ကြဖိုနဲ့ ခရမ်းလွန်ရောင်ခြည်
အညွှန်းကိန်းများပြန်လည်ကျဆင်းသွားသည်အထိသို့မဟုတ် နေကျသွားသည်အထိ
စောင့်ဆိုင်းဖို့ kaymu.com.mm ကတိုက်တွန်းပါတယ်။

မဖြစ်မနေ နေရောင်ခြည်အောက်သွားဖို့ အကြောင်းရှိလာခဲ့ရင်လဲ
ခရမ်းလွန်ရောင်ခြည်အကာအကွယ်ပေး အဝတ်အစားများဝတ်ဆင်တာ၊ အနားကျယ်ပြန့်တဲ့
ခန္ဓာကို အကာအကွယ်ပေးနိုင်တဲ့ ဦးထုပ်တွေဆောင်းတာ၊ ရောင်ခြည်ကာမျက်မှန်
SPF 30+ကို တပ်ဆင်တာတွေလုပ်ဖို့ တိုက်တွန်းပါတယ်။အပြင်သွား စရာရှိတယ်၊
ဒီလိုပစ္စည်းတွေ အိမ်မှာ အဆင်သင့်မရှိဘူး ဘယ်လိုလုပ်ရမလဲဆိုရင်တော့
kaymu.com.mm ကို သတိရလိုက် ပါ။ဖုန်းအင်တာနက်လေးဖွင့်ပြီးတော့
kaymu.com.mm ဆိုပြီးတော့ browser ထဲရိုက်ထည့်ပြီး ကိုယ်လို ချင်တဲ့
ပစ္စည်းလေးတွေကို ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းဆိုရင်
သုံးရက်ကနေ တစ်ပတ်အတွင်းပို့ ပေးမှာဆိုပေမဲ့
ကြိုတင်ပြီးတော့မှာယူထားဖို့လည်း အကြံပြုလိုပါတယ်။

တစ်ကိုယ်ရေသုံးပန်ကာ
ပူပြင်းတဲ့ ရာသီဥတုကို အံတုဖို့ရာ အဲကွန်းခန်းထဲမှာ လူတိုင်းက ၂၄
နာရီထိုင်နေဖို့ မဖြစ်နိုင်ပါဘူး။

သွားရင်းလုပ်ရင်း လုပ်ရင်းကိုင်ရင်း ခရီးသွားရင်းပဲဖြစ်ဖြစ်
အဲကွန်းမရနိုင်တဲ့နေရာတိုင်းမှာ အလွယ်တကူ ရွှေ့ပြောင်းပြီး
ပေါ့ပါးလွတ်လပ်စွာ အသုံးပြုနိုင်တဲ့ တစ်ယောက်စာ လက်ကိုင် Hand-Held Air
Condition လေးပါ။ ကားထဲမှာလည်း တစ်ယောက်စာအတွက် အဆင်ပြေစွာ
အသုံးပြုနိုင်ပြီး အဲကွန်းဖွင့်တဲ့ ဓာတ်ဆီဖိုးနဲ့စာရင် 95
နှစ်ဂါလံစာပင်မရှိပါ။ လူကြီးမင်းရဲ့ Laptop နဲ့လည်း အလွယ်တကူ USB
ခေါင်းဖြင့်ပင် ချိတ်ဆက်ပြီး အလုပ်လုပ်နေစဉ်တွင်လည်း အသုံးပြုနိုင်ပါသည်။
၀ယ်ယူမယ်ဆိုရင် kaymu.com.mm ကို သတိရလိုက်ပါ။

နေရောင်ကို စတိုင်ကျကျကာကွယ်မယ်
မျက်လုံးဟာ ခန္ဓာကိုယ်မှာ အနုညံ့ဆုံးနဲ့ အရေးကြီးဆုံးအရာပါ။ အခုလို
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်နေတဲ့အချိန်မှာ အပြင်ထွက်မယ်ဆိုရင်
ရောင်ခြည်ကာမျက်မှန် ၀တ်ဆင်တာလုပ်ဖို့

အရေးကြီးပါတယ်။ဒီနေရာမှာလည်း နေကာမျက်မှန်ဟာ နေရောင်ခြည်ထဲက
ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ အတွက် SPF 30+ကို
တပ်ဆင်တာတွေလုပ်ဖို့လိုပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းအတွက် ဦးထုပ်ကြီးကြီးသုံးပါ
ဦးထုပ်ကြီးကြီးဆောင်းထားမယ်ဆိုရင် ခန္ဓာကိုယ်အပေါ်ပိုင်းမှာ
အတော်အတန်လုံခြုံမှုရရှိသွားပါပြီး။ ခန္ဓာကိုယ်အပေါ်ပိုင်းဟာ အရေးကြီးတဲ့
အစိတ်အပိုင်းတွေဖြစ်တဲ့ဦးခေါင်း၊ မျက်လုံးစတာတွေရှိပြီး ထိခိုက်ပျက်
စီးသွားလို့ရှိရင် အစားထိုးလို့မရနိုင်တဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။
အခုနေရောင်ခြည်ထဲမှာပါတဲ့  ခရမ်းလွန် ရောင်ခြည်ဟာ အခုလိုအရေးကြီးတဲ့
ခန္ဓာကိုယ်အပေါ်ပိုင်းကို မထိနိုင်ဖို့အတွက် အပြင်ထွက်မယ်ဆိုရင်
ဦးထုတ်ကြီးကြီးဆောင်ကြဖို့လည်း တိုက်တွန်းလိုက်တယ်နော်။

No comments: