Tuesday, April 26, 2016

မန္တလေးမြို့တွင်အလုပ်အကိုင်ပြပွဲကြီးနှစ်ရက်ကြာကျင်းပပြုလုပ်မည်။


လာမည့်၂၀၁၆ခုနှစ်မေလရရက်နေ့နှင့်၈ရက်နေ့များတွင်မန္တလေးမြို့၌အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကြီးတခုပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းယင်းအလုပ်အကိုင်ပြပွဲကြီးကိုဦးဆောင်ကျင်းပမည့်          work.com.mm မှသတင်းထုတ်ပြန်သည်။အဆိုပါအလုပ်အကိုင်ပြပွဲကြီးကို မန္တလေးရတနာမောလ်တွင် နံနက်၉နာရီမှညနေ၄နာရီထိ စနေနေ့နှင့်တနင်္ဂနွေနေ့ များတွင်နှစ်ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ယင်းပြပွဲကြီးတွင် တယ်လီနောမြန်မာမှ (Diamond Sponsor) အဓိကကူညီပံံပိုးပေးသွားမည်ဖြစ်ပြီးကုမ္ပဏီပေါင်း၁၄ခုမှဝန်ထမ်းများခေါ်ယူရန်အတွက်ပါ၀င်သွားမည်ဖြစ်ကြောင်းသိရသည်။အလုပ်အကိုင်ပြပွဲကြီးသို့လာရောက်ရန်အတွက် work.com.mm ၏ဝက်ဘ်ဆိုဒ်နှင့် Facebook တို့တွင်ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။အဆိုပါပြပွဲကြီးတွင် Iphone SE နှင့်တကွအခြားသောဆုလက်ဆောင်များကိုလည်းမဲဖောက်၍ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့်ပြပွဲသို့လာရောက်သူများအနေဖြင့်အလုပ်လျှောက်လွှာများများကိုယူဆောင်လာရန်လိုအပ်ပြီးသတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများကိုလုပ်ငန်းရှင်များဘက်မှတိုက်ရိုက်အင်တာဗျူးခေါ်ယူသွားမည့်အခွင့်အရေးကိုပါရရှိနိုင်ရန်စီစဉ်ပေးသွားမည်ဖြစ်ကြောင်းလည်း work.com.mm မှပွဲစီစဉ်သူတဦးဖြစ်သူ Marketing   Officer ကိုရန်ပိုင်မှပြောကြားသည်။
“ကျွန်မတို့မန္တလေးမှာကအလုပ်အကိုင်ပြပွဲတွေလုပ်တော့လုပ်တယ်၊ရှားတော့ရှားတာပေါ့။ဒီဘက်မှာကအလုပ်ရှာဖွေရေးအေဂျင်စီတွေကိုဘဲအားကိုးချိတ်ဆက်ရတာများတယ်။အခုလိုလုပ်ငန်းအများကြီးကတထိုင်တည်းလာ ခေါ်မှာဆိုရင်တော့အခွင့်အရေးလည်းများသွားမယ်၊လုပ်ငန်းရှင်နှင့်လည်းတိုက်ရိုက်ထိတွေ့ခွင့်ရမယ်ဆိုတော့ပိုကောင်းတာပေါ့နော်။ဒီဘက်မှာတော့မိန်းကလေးဆိုဘဏ်လုပ်ငန်းတို့၊စာရင်းကိုင်တို့၊အမျိုးသားတွေဆိုရင်တော့ အိုင်တီတို့၊ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုတို့လျှောက်ချင်တာများမယ်လို့တော့ထင်ပါတယ်” ဟုမန္တလေးမြို့ခံတဦးဖြစ်သူမနှင်းဝေကပြောကြားသည်။

No comments: