Thursday, April 7, 2016

ရန်ကုန်မြို ့တွင်းရှိ စိတ်ဝင်စားဖွယ်ကောင်းသည့်အိမ်ခြံမြေစျေးကွက်များနှင့်စျေးနူန်းများကို City FM တွင်စတင်နားဆင်နိူင်မည်


မြန်မာနိူင်ငံ၏ ဖွိ ့ဖြိုးတိုးတတ်လာသော အွန်လိုင်းစျေးကွက်မှ အိမ်ခြံမြေစျေးကွက်များကို City FM တွင် စတင်နားဆင်နိူင်မည်ဖြစ်သည်။ယင်းအိမ်ခြံမြေစျေးကွက်များ၏ အချက်အလက်များကို မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် www.ads.com.mm မှပံ့ပိုးထားကြောင်း သတင်း ထုတ်ပြန်ထားသည်။ယင်းအစီအစဉ်အား လာမည့် ဧပြီလ ပထမအပါတ်တွင် စတင် နားသောတဆင်နိူင်မည်ဖြစ်သည်။

“ကျွန်တော်တို ့ဝက်ဘ်ဆိုက်ရဲ့မြန်မာနိူင်ငံအတွင်း အွန်လိုင်းကနေတဆင့် လူကြည့်အများဆုံးနှင့် စိတ်ဝင်စားဖို ့အကောင်းဆုံး အိမ်ခြံမြေတွေကို Radio နားဆင်သူတွေအတွက် အကျိုးရှိစေဖို ့အတွက် ဒီအစီအစဉ်လေးကိုစတင်ဖြစ်တာပါ။အိမ်ခြံမြေနှင့်ပါတ်သက်တဲ့ အရောင်း၊ အဌား တစ်ခုချင်းစီကို နားထောင်သူပြည်သူတွေအကျိုးရှိစေဖို ့အတွက်အပါတ်စဉ် အင်္ဂါနေ ့နေ ့ခင်း (၁၂ း၃၀ ) နှင့်ကြာသပဒေးည (၁၀းဝဝ ) တွေမှာနားဆင်နိူင်ပြီး ၊ ဒီအကြောင်းအရာကိုပ ဲပြည်လည်နားသောတဆင်ချင်တယ်ဆိုရင်  စနေနေ ့( ရ း၃၀) နှင့်တနင်္ဂနွေည (၁၀းဝဝ ) မှာပြန်လည်နားထောင်နိူင်ပါတယ်။ဒါ့အပြင် ရန်ကုန်မြို ့အတွင်း နေထိုင်ဖို ့အသင့်တော်ဆုံးနေရာတွေ ၊တိုက်ခန်း ၊အိမ် ၊ မြေယာတွေကို ဝယ်ယူတဲ့အချိန်ဆိုရင် ဘယ်လို အချက်အလက်တွေကို သတိထားရမယ်ဆိုတဲ ့Safty Tip တွေကိုလည်း ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါတယ်။မြန်မာပြည်က ရန်ကုန်မြို ့အတွင်းမှာရှိတဲ ့Update List တွေထဲကမှ စျေးနူန်းအချိုသားဆုံးနှင့် အကောင်းဆုံးတွေကို ရွေးချယ်ပြီးတင်ဆက်သွားမှာဖြစ်ပါတယ်။ လက်ရှိကျွန်တော်တို ့ဝက်ဘ်ဆိုက်ရ ဲ့အိမ်ခြံမြေစျေးကွက်မှာဆိုရင် အရောင်း ၊အဌား အလဲအလည် တစ်ခုချင်းစီကို ကိုယ်ကြိုက်တဲ ့စျေးနူန်းနှင့် ရှာဖွေနိူင်ပါတယ်၊ အိမ်ခြံမြေပေါင်း ( ၆၇၄၄) ရှိပြီး  တိုက်ခန်း ၊ကွန်ဒို အခန်းပေါင်း ( ၂၉၆၁)  ၊ အိမ်ယာနှင် ့အိမ်ယာအကြီးစား ( ၁၅၆၀) ၊ခြံနှင့်မြေယာ ( ၁၆၇၉) ၊ရုံးခန်းနှင့်ဆိုင်ခန်း ( ၈၁) အခြား အိမ်ခြံမြေနှင် ့ဆက်စပ်မြေယာအခန်းပေါင်း ( ၄၆၃) တို ့ကိုလည်း ကိုယ်လိုချင်တဲ ့Category ကနေ အသေးစိတ်ရှာဖွေပြီး ကြည့်ရူလေ့လာဝယ်ယူနိူင်ပါတယ် “ဟု Head of Public Relations ဖြစ်သူ Mr. Elijah htang မှ ပြောသည်။
လက်ရှိမြန်မာပြည်၏အိမ်ခြံမြေစျေးကွက်သည် အရောင်း၊အဝယ်စျေးကွက်အတွင်း အေးနေသော်လည်း စျေးနူန်းများမှာလျော့ကျသွားခြင်းမရှိဘူး ပုံမှန်အတိုင်းစျေမာလျက်ရှိကြောင်းကို သိရှိရလေသည်။သို ့သော် အိမ်ခြံမြေအဌားဖြစ်သည့် တိုက်ခန်း ၊ ကွန်ဒိုဌားရမ်းမူမှာ ဌားရမ်းလိုသူများမှာ ဆင့်လက်မြင့်တတ်နေကြောင်း စမ်းချောင်း၏ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးဖြစ်သည့် ဒေါ်ဝါဝါကျော်မှ ပြောသည်။သို ့သော်တိုက်ခန်းအဌားများ၏ စျေးနူန်းများမှာ ထပ်မံမြင့်တတ်လာခြင်းမရှိကြောင်းကိုလည်း ထပ်မံပြောကြားခဲ့လေသည်။

No comments: