Wednesday, April 6, 2016

မြန်မာ လူ့အခွင့်အရေး မတိုးတက်ဟု ကုလသမဂ္ဂ လူ့အခွင့်အေ ရး ကောင်စီသုံးသပ်



မတ်လ ၁၇ ရက် က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ မှာ နိုင်ငံ အလိုက် လူ့အခွင့်အရေး အခြေအနေ ကို သုံးသပ်  ဆွေးနွေးပွဲ ကျင်းပ ခဲ့ရာ မှာ မြန်မာ နိုင်ငံ ရဲ့ လူ့ အခွင့်အရေး အခြေအနေ ကိုလည်း သုံးသပ်မှု တွေ ပြုလုပ် ခဲ့ပါတယ်။

ဆွေးနွေးပွဲ ကို တက်ရောက်ခဲ့ကြတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်း တွေက လက်ရှိ အစိုးရ ဟာ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေ ကို တိုးတက်အောင် မလုပ်ဆောင် နိုင်ခဲ့ကြောင်း မတ်လ ၂၃ ရက်က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ် ပြီး ပြောကြား ခဲ့ပါတယ်။

မြန်မာပြည်က ၁ဝ ဖွဲ့ ဒီအစည်းအဝေး တက်ရောက်ခဲ့ကြပြီး မြန်မာ အစိုးရက အရင် အစည်းအဝေးမှာ လက်ခံ ကတိပြုထားတဲ့ လူ့အခွင့်အရေး အကြံပြုချက် တွေကို အကောင်အထည် မဖော်နိုင်သေးဘူးလို့ သူတို့က ထုတ်ပြန် ပါတယ်။

လွတ်လပ်စွာ စုဝေးခွင့်၊ ပြောဆို၊ သင်းပင်း ဖွဲ့ခွင့်တွေကို အာမခံမယ်လို့ အစိုးရက ကတိပြု ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးကို ငြင်းဆန်နေဆဲ ဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့တဲ့ ပြည်ကြီးခင်အဖွဲ ့ကအုပ်ချုပ်မှု ဒါရိုက်တာ မနွယ်ဇင်ဝင်းက ပြောပါတယ်။

လူ့အခွင့်အရေး ကာကွယ်သူတွေကို ခြိမ်းခြောက်နေတဲ့ ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၈ ၊ သတင်းမီဒီယာ ဥပဒေ ၊ ပုံနှိပ်ထုတ်   ဝေခြင်း လုပ်ငန်း ဥပဒေတွေကို အစိုးရက ပြင်ဆင်မယ့်ပုံလည်း မရှိဘူးလို့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန် နေကြတဲ့ တပ်သားတွေ နဲ့  အာဏာပိုင် တွေကို အပြစ်ပေး မခံရဘဲ ကင်းလွတ်နေတာကို အဆုံးသတ်ဖို့ကိုလည်း အာဏာပိုင်တွေက ငြင်းဆန်ခဲ့တယ် လို့ အဖွဲ့ ၁ဝ ဖွဲ့က ထုတ်ပြန် ထားပါတယ်။

No comments: