Wednesday, January 27, 2016

2015ခုနှစ်အတွင်းအွန်လိုင်းမှအလုပ်အကိုင်ရှာဖွေမှုနှင့်ခေါ်ယူမှုအများဆုံးအလုပ်အကိုင် များအားwork.com.mm မှထုတ်ပြန်



 မြန်မာပြည်တွင်းအွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်တခုဖြစ်သော work.com.mm မှလစဉ်အွန်လိုင်းအလုပ်အကိုင်ရှာဖွေမှုစစ်တမ်းကိုထုတ်ပြန်ပေးလျှက်ရှိရာ၂၀၁၅ခုနှစ် အတွင်းအွန်လိုင်းမှတဆင့်ခေါ်ယူမှုအများဆုံးနှင့်ရှာဖွေလျှောက်ထားမှုအများဆုံးအလုပ်အကိုင်များကို     (on line job opportunities review)အဖြင့်စုစည်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရအွန်လိုင်းမှတဆင့်ခေါ်ယူမှုအများဆုံးနှင့်ရှာဖွေလျှောက်ထားမှုအများဆုံးအလုပ်အကိုင်များတွင်စာရင်းကိုင်/ဘဏ္ဍာရေး၊အရောင်း၊အိုင်တီ၊အုပ်ချုပ်စီမံ၊လူ့စွမ်းအားအရင်းမြစ်စီမံ၊စျေးကွက်မြှင့်တင်ရေး၊ပညာရေး၊စီမံခန့်ခွဲမှု၊အင်ဂျင်နီယာ၊ဟိုတယ်ခရီး၊စသည့်အလုပ်အကိုင်များကထိပ်ဆုံးမှရပ်တည် လျက်ရှိကြောင်းသိရသည်။ယင်းထုတ်ပြန်ချက်ကိုအလုပ်ရှာဖွေသူများနှင့်ဘွဲ့ကြို၊ဘွဲ့ရပြီးစလူငယ်များ အနေဖြင့်ပြည်တွင်းအလုပ်အကိုင်စျေးကွက်အခြေအနေကိုသုံးသပ်လေ့လာပြီးမိမိ၏ပညာရေးနောက်ခံ၊ ခောတ်စနစ်နှင့်ကိုက်ညီသောအသက်မွေးဝမ်းကြောင်းများကိုရွေးချယ်လျှောက်ထားနိုင်ရန်ရည်ရွယ်၍ ထုတ်ပြန်ေကြောင်းသိရသည်။

          ယင်းအလုပ်အကိုင်များယခုကဲ့သို့ပြည်တွင်းစျေးကွက်၌ရေပန်းစားလာရခြင်းနှင့်ပတ်သတ်၍ work.com.mm မှလူမှုဆက်ဆံရေးမန်နေဂျာမဇင်မာသက်မွန်ကပြောကြားရာမှာ- အွန်လိုင်းမှတဆင့် အလုပ်ရှာဖွေသူအများစုမှာကွန်ပျူတာ၊အင်တာနက်နှင့်အထိအတွေ့များသောအိုင်တီ၊စာရင်းကိုင်၊ အင်ဂျင်နီယာ၊အုပ်ချုပ်စီမံ၊လူ့စွမ်းအားအရင်းအမြစ်စီမံစသည့်အလုပ်အကိုင်များကို လုပ်ကိုင်ကြသူများဖြစ်ပြီး၊၄င်းအလုပ်အကိုင်များသည်ခောတ်စနစ်နှင့်လည်းကိုက်ညီယုံမက၊ လုပ်ငန်းအများစုတွင်မရှိမဖြစ်လိုအပ်သည့်အတွက်ကြောင့်လည်းဖြစ်ကြောင်းပြောကြားသည်။သို့သော် ၂၀၁၅ ခုနှစ်မှစ၍မြန်မာပြည်တွင်းအွန်လိုင်းမျတဆင့်အလုပ်ရှာ ဖွေနိုင်သည့်နည်းလမ်းများကို တွင်တွင်ကျယ်ကျယ်သိရှိလာသည့်နောက်ပိုင်းတွင်အွန်လိုင်းမှအလုပ်ရှာဖွေမှုသုံးဆခန့်မြင့်တက်လာခဲ့ရာ အခြားသောအလုပ်အကိုင်များအားခေါ်ယူမှုနှင့်လျှောက်ထားမှုများလည်းတိုးတက်လာကြောင်းသိရသည်။ယင်းကဲ့သို့အွန်လိုင်းမှ တဆင့်အလုပ်ခေါ်ယူမှုမြင့်တက်လာခဲ့ခြင်းမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများမြင့်တက်လာခဲ့ ခြင်းကြောင့်အပြည်ပြည်ဆိုင်ရာကုမ္ပဏီများမှဝန်ထမ်းလိုအပ်ချက်များရှိလာခြင်းနှင့် လည်းသက်ဆိုင်ကြောင်း     ယင်းကဆက်လက်ပြောကြားသည်။

ဝန်ထမ်းခေါ်ယူမှုအများဆုံးလုပ်ငန်းကြီးများတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကြီးများ၊အိုင်တီနည်းပညာလုပ်ငန်းကြီးများ၊စျေးကွက်ဖြန့်ချီရေးလုပ်ငန်းကြီးများ၊ဆောက်လုပ်ရေး/အင်ဂျင်နီယာလုပ်ငန်းကြီးများ၊စားသောက်ကုန်/အဖျော်ယမကာလုပ်ငန်းများ၊ဘဏ်လုပ်ငန်း၊ဟိုတယ်/ခရီးသွားလုပ်ငန်းနှင့်ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများကအများဆုံးဖြစ်ကြောင်းသိရသည်။အဆိုပါလုပ်ငန်းများထဲမှဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများသို့နည်းပညာဘွဲ့ရလူငယ်များကလျှောက်ထားလိုမှုများခဲ့ပြီး၊စီးပွားရေးဘွဲ့ရနှင့်အခြားဘွဲ့ရပြီးစလူငယ်များကဘဏ်လုပ်ငန်းသို့လျှောက်ထားလိုမှုမြင့်မားခဲ့ကြောင်းသိရသည်။အရောင်းနှင့်စျေး ကွက်ကျွမ်းကျင်သူများကစျေးကွက်ဖြန့်ချီရေးလုပ်ငန်းများ၊ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးများနှင့်စားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်းကြီးများတွင်လျှောက်ထားလိုမှုများကြသည်။အိုင်တီအလုပ်အကိုင်များကို တော့နည်းပညာကုမ္ပဏီများ၊ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ၊အွန်လိုင်းစီးပွားရေးလုပ်ငန်းကြီးများ၊ဟိုတယ်လုပ်ငန်း၊ရုပ်သံမီဒီယာလုပ်ငန်းများကအများဆုံးခေါ်ယူမှုရှိကြောင်း work.com.mm မှသတင်းထုတ်ပြန်သည်။

                                                                                                          Work.com.mm မှဒုတိယအကြိမ်မြောက်အလုပ်အကိုင်ပြပွဲကြီး ကိုဇန်နဝါရီလ၁၆ရက်နေ့နှင့်၁ရရက်နေ့များတွင် ရန်ကုန်မြို့MICT Park၌                   ကျင်းပပြုလုပ်ပေးခဲ့ရာ   အဆိုပါအလုပ်အကိုင်ပြပွဲသို့ အလုပ်ရှာဖွေလိုသူလူငယ်ပေါင်းသောင်းနှင့်ချီ၍ တက်ရောက်ခဲ့ပြီးကုမ္ပဏီပေါင်း သုံးဆယ်ေကျော်မှလစ်လပ်နေရာများကိုဝင်ရောက်ရှာ                ဖွေလျှောက်ထားခဲ့ကြသည်။     ယင်းအလုပ်အကိုင်ပြပွဲကြီးတွင်လည်း နည်းပညာဘွဲ့ရလူငယ်များက ဆက်သွယ်ရေးနှင့်နည်းပညာကုမ္ပဏီများသို့လည်းကောင်း၊ဘွဲ့ရပြီးစလူငယ်များကပညာရေးသင်တန်းများဆက်လက်တက်ရောက်နိုင်ရန်စနေ၊တနင်္ဂနွေပိတ်ရက်ရေသောဘဏ်လုပ်ငန်းများတွင်ဝင်ရောက်လုပ်ကိုင်လိုမှုများခဲ့ကြောင်းသိရသည်။အခြားသက်ဆိုင်ရာလုပ်ငန်းအလိုက်ကျွမ်းကျင်မှုရှိသောအလုပ်ရှာဖွေသူအများစုကမိမိစိတ်ကြိှုက်ကုမ္ပဏီများသို့ တိုက်ရိုက်လျှောက်ထားမှုများရှိခဲ့ကြောင်းသိရသည်။

No comments: