Thursday, January 7, 2016

ဘွဲ့ကြိုကျောင်းသားများအတွက် အချိန်ပိုင်းအလုပ်များစွာဖန်တီးပေးနိုင်ရန်လိုအပ်လျက်ရှိ


ဘွဲကြိုကျောင်းသားများအနေဖြင့်ပညာသင်ယူရင်းတစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေနိုင်မည့် အချိန်ပိုင်းအလုပ်အကိုင်များစွာလိုအပ်လျက်ရှိနေကြောင်း work.com.mm မှ သိရသည်။မြန်မာနိုင်ငံတွင်လည်းအခြားပြည်ပနိုင်ငံများမှာကဲ့သကျောင်းတက်ရင်း အပိုဝင်ငွေရှာဖွေနိုင်မည့် အခွင့်အလမ်းများစွာဖန်တီးပေးနိုင်ရန်လိုအပ်လျက်ရှိနေပြီးတဖြည်းတဖြည်းဖြည်းနှင့်အချိန်ယူလုပ်ဆောင်သွားပါမှယင်းကဲ့သို့သောအခွင့်အလမ်းများကိုဖြေရှင်းပေးနိုင်မှာ ဖြစ်ကြောင်း work.com.mm မှဆိုသည်။လက်ရှိအချိန်တွင် ယင်းအလုပ်အကိုင်ဝက်ဘ်ဆိုက်မှ တစ်ဆင့် အချိန်ပိုင်းအလုပ်အကိုင်များခေါ်ယူမှုရှိနေသော်လည်းရာခိုင်နှုန်းအားဖြင့် နည်းလှနှေသေးကြောင််းသိရသည်။
အွန်လိုင်းမှတစ်ဆင့်အချိန်ပိုင်းအလုပ်များကမ်းလှမ်းခေါ်ယူရာတွင် စာရင်းကိုင်၊အိုင်တီ၊ ဘာသာပြန်လုပ်ငန်းများနှင့် ပညာသင်ကြားရေးဆိုင်ရာလုပ်ငန်းများကိုသာအများအားဖြင့် ခေါ်ယူလျက်ရှိကြောင်းသိရသည်။
“ကျွန်မတို့ ဝက်ဘ်ဆိုက်ပေါ်မှာတော့ အချိန်ပိုင်းအလုပ်ခေါ်ယူထားတဲ့အပိုင်းတွေရှိပေမယ့် ရာခိုင်နှုန်းအားဖြင့် တော့နည်းသေးတယ်။ကျောင်းတက်ရင်းကိုယ်ပိုင်ဝင်ငွေရှာဖွေချင်တဲ့ ဘွဲ့ကြိုလူငယ်တွေကအချိန်ပိုင်းအလုပ်တွေကိုအမြဲတမ်းစုံးစမ်းမေးမြန်းကြတာများတယ်။ဒါပေမယ့် အချိန်ပိုင်းအလုပ်ရှာဖွေချင်တဲ့သူပမာဏနှင့်ရရှိနိုင်တဲ့ အခွင့်အရေးကအချိုးအစားအားဖြင့် မညီမျှသေးပါဘူး။ချိန်ပိုင်းအလုပ်ကမ်းလှမ်းတဲ့ ကုမ္ပဏီတွေက ပြည်ပအခြေစိုက်လုပ်ငန်းတွေကခေါ်တာဘဲများတယ်။လောလောဆယ်မှာတော့ ဂျာမဏီအခြေစိုက် Rocket Internet ရဲ့ လုပ်ငန်းခွဲတွေဖြစ်တဲ့ work.com.mm, ads.com.mm, house.com.mm နှင့် motors.com.mm တို့လိုအွန်လိုင်းစီးပွားရေးလုပ်ငန်းတွေကတော့ ဆိုရှယ်မီဒီယာပိုင်း၊ content developer ပိုင်းနှင့် အလုပ်သင် (internship) အပိုင်းတွေအတွက် အချိန်ပိုင်းဝန်ထမ်းတွေခေါ်ယူခန့်အပ်မှုရှိနေပါတယ်” ဟု work.com.mm မှလူမှုဆက်ဆံရေးမန်နေဂျာမဇင်မာသက်မွန်ကပြောသည်။
မြန်မာပြည်တွင်း အလုပ်အကိုင်ရှာေဖွေဝန်ဆောင်လုပ်ငန်းလုပ်ကိုင်နေသူအများစုကတော့ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအရှိန်အဟုန်ဖြင့် တိုးတက်လာပြီး၊ ပြည်ပအခြေစိုက် ရင်းနှီးမြှုပ်နှံမှုများ ယခုထက်ပိုမိုုဝင်ရောက်လာကာ အလုပ်ချိန်၈နာရီသတ်မှတ်ချက်အတိုင်း အတိအကျလိုက်နာဆောင်ရွက်မှုများရှိလာပါကအချိန်ပို်င်း ဝန်ထမ်းခေါ်ယူသည့် ယဉ်ကျေးမှု ပိုမိုထွန်းကားလာမည်ဟု သုံးသပ်ထားသည်။

No comments: