Wednesday, September 9, 2015

ရေဘေးသင့်ပြန်လည်ထူထောင်ရေးအစီအစဉ်အတွက် အနုပညာများ၏ အမှတ်တရပစ္စည်းများကို လေလံစနစ်ဖြင့် Ads.com.mm တွင်ဝယ်ယူနိူင်


မြန်မာနိူင်ငံ၏ ရေဘေးပြန်လည်ထူထောင်ရေးအတွက် www.ads.com.mm  နှင့်  မြန်မာကြက်ခြေနီအသင်းတို့ ပူပေါင်းပြုလုပ်သော အဆိုပါအစီအစဉ်တွင် www.ads.com.mm  ၌ အနုပညာရှင်များက ယင်းတို့၏ အောင်မြင်ကျော်ကြားလျက်ရှိပွဲတတ်ဝတ်စုံများကို လေလံတင်ရောင်းချလျက်ရှိကြောင်းသိရသည်။ လက်ရှိယင်းဝက်ဘ်ဆိုက်တွင် အနုပညာ၏ပွဲတတ်ဝတ်စုံများသာမက အခြားပစ္စည်းအသစ်များကိုပင် လှူဒါန်းလေလံဆွဲလျက်ရှိကြောင်းသတင်းထုတ်ပြန်သည်။


“ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာ လက်ရှိ မတင်မိုးလွင်ရဲ့ ပိုးသားနှင့်ချုပ်လုပ်ထားတဲ့ ၀တ်စုံကို လေလံတင်ထား တယ် ။ကြမ်းခင်းစျေးကတော့(၈၀၀၀၀) ကျပ်ကနေ စတင်မှာဖြစ်ပါတယ်။ နောက်တဦးအနေနဲ့ ဟာသ အနုပညာရှင် ကိုဒိန်းဒေါင်က သူ အောင်သမာဓိရွှေဆိုင်ကြော်ငြာ ရိုက်ကူးစဉ်မှာ ၀တ်ဆင်ခဲ့တဲ့  တောင်ရှည် ၀တ်စုံနှင့်ခေါင်းပေါင်းတို့နဲ့ ဒီအစီအစဉ်မှာ ပါ၀င်ထားပါတယ်။ ကြမ်းခင်းစျေးအနေနဲ ့(၁၀၀၀၀၀) ကျပ်တိတိ နဲ့ လေလံကို စတင်နေပါပြီ။ သူတို့ကို အားပေးတဲ့ပရိတ်သတ်တွေလည်းစိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ လေလံစနစ်ကိုအွန်လိုင်းကနေစတင်ပြီးပို့နိုင်ပါပြီ။ လေလံအောင်တဲ့သူတွေကိုကျွန်တော်တို ့ပွဲတစ်ပွဲကျင်းပပြီး ကြော်ငြာပေးမှာပါ။ အနုပညာရှင်တွေမှ ရောင်းချထားခြင်းမဟုတ်တဲ ့တခြားလေလံ ပစ္စည်းတွေကိုလည်း ရှာဖွေလေလံဆွဲနိုင်ပါတယ် ။လက်ရှိမှာ Iphone 6 အသစ်စက်စက်တစ်လုံးဖြစ်ပြီး လေလံစတင်နေတာ ကိုတွေ့ရမှာပါ။လေလံပစ္စည်းတွေကို www.ads.com.mm ရဲ့ ၀က်ဘ်ဆိုက်မှာ #save Myanmar ဆိုပြီး ရှာဖွေလေလံဆွဲနိုင်ပါတယ်။လေလံကနေရရှိလာတဲ ရောင်းချငွေတွေအားလုံးကို မြန်မာနိုင်ငံ ရေဘေးသင့်ပြန်လည်ထူထောင်ရေးအတွက် လုပ်ကိုင်နေတဲ ့ကြက်ခြေနီအသင်းကို လှူဒါန်းသွားမှာပါ “  ဟု www.ads.com.mm ၏ Head Of PR and Marketing ဖြစ်သူ နေဇော်ထွန်းမှ ပြောသည်။
“အောင်သမာဓိရွှေဆိုင်ကြော်ငြာရိုက်တုန်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံလေးကို ကျွန်တော့်ကိုအားပေးချစ်ခင်တဲ ့ ပရိတ်သတ်တွေ အနေနဲ ့ကျွန်တော့်ဝတ်စုံကိုအမှတ်တရသိမ်းဆည်းနိူင်ပြီး  ရေဘေးသင့်ပြည်သူတွေကို ကူညီနိူင်ပါတယ်။ကျွန်တော်တို ့ကူညီနိူင်တဲ ့အပိုင်းတစ်ခုစီတိုင်းကနေ ကျွန်တော်တို ့မြန်မာပြည်သူပြည်သား အချင်းချင်း ရေဘေးသင့်ပြည်သူတွေကို ကူညီရန်ပါ၀င်ဖို့အတွက် ဖိတ်ခေါ်ပါတယ်” ဟု လူအများဧ။် ပျော်ရွင်မှုအတွက် အနုပညာဖြင့် ပေးဆပ်နေသော ဟာသအနုပညာရှင် ကိုဒိန်းဒေါင်မှ ပြောသည်။
ယခုလက်ရှိ Ads.com.mm တွင် ယင်းပစ္စည်းသုံးမျိုးကို လေလံတင်ပြီးနောက်တွင် အခြားအနုပညာရှင် များနှင့် အတတ်ပညာရှင်များဘက်မှလည်း ယင်းတို့၏ အမှတ်တရပစ္စည်းများကို ဆက်လက်လေလံတင်ရောင်းချမည် ဖြစ်သည်။လေလံတင်ရောင်းချငွေ အားလုံးကိုလည်း မြန်မာ့ကြက်ခြေနီအသင်း၏ ပြန်လည်ထူထောင်ရေးတွင် ပြန်လည်လှူဒါန်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

No comments: