Wednesday, September 2, 2015

စီးပွားရေးကျောင်းသားများဘဏ်လုပ်ငန်းတွင်ဝင်ရောက်လုပ်ကိုင်လိုမှုများ

                            

မကြာသေးမီကမိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့်မုံရွာစီးပွားရေးတက္ကသိုလ်များတွင်ပြုလုပ်ခဲ့သောအလုပ်အကိုင်အခွင့်အလမ်းပြပွဲများမှရရှိသောစစ်တမ်းအရစီးပွားရေးတက္ကသိုလ်ကျောင်းသားအများစုမှာဘဏ်လုပ် ငန်းနယ်ပယ်မှအလုပ်အကိုင်များကိုစိတ်ပါ၀င်စားမှုများကြောင်း work.com.mm မှသတင်းထုတ်ပြန်သည်။ပြီးခဲ့သည့်သြဂုတ်လ၁၅ရက်နေ့နှင့်၁၆ရက်နေ့များတွင်မိတ္ထီလာစီးပွားရေးတက္က သိုလ်မှကြီးမှုးပြီး၄င်းတက္ကသိုလ်တွင်ပညာသင်ကြားနေသောကျောင်းသားကျောင်းသူမျာတွက်အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရန်ရည်ရွယ်၍ပုဂ္ဂလိကကုမ္ပဏီများ၊အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ်များ၊ အေဂျင်စီများနှင့်ပူးပေါင်းပြီးအလုပ်အကိုင်အခွင့်အလမ်းပြပွဲတခုပြုလုပ်ကျင်းပပေးခဲ့သည်။အဆိုပါပြပွဲသို့ တက်ရောက်သူရှစ်ရာခန့်ရှိခဲ့ပြီးအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ် work.com.mm တွင်CVတင်၍လာရောက်လျှောက်ထားသူဦးရေခုနှစ်ရာ့ငါးဆယ်ခန့်တွင်ဘဏ်လုပ်ငန်းနယ်ပယ်ကိုလျှောက်ထားသူကအများဆုံးဖြစ်ကြောင်း work.com.mm မှသိရသည်။

ထို့အတူပြီးခဲ့သည့်သြဂုတ်လ၃၁ရက်နေ့ကလည်းမုံရွာစီးပွားရေးတက္ကသိုလ်တွင်အလုပ်အကိုင်ပြပွဲတခုပြု လုပ်ကျင်းပခဲ့ရာမှာလည်းအလုပ်လျှောက်ထားသူအများစုမှာဘဏ်လုပ်ငန်းနယ်ပယ်ကိုစိတ်ပါ၀င်စားမှုများ ကြောင်း၄င်းဝက်ဘ်ဆိုဒ်ကဆိုသည်။အဆိုပါပြပွဲကိုမုံရွာစီးပွားရေးတက္ကသိုလ်နှင့်အခွင့်အလမ်းဂျာနယ်တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး၊စီးပွားရေးတက္ကသိုလ်ကျောင်းသားများနှင့်ပုဂ္ဂလိကလုပ်ငန်များကိုချိတ်ဆက်ပေးရန်၊ကုမ္ပဏီမှားအတွက်လိုအပ်လျှက်ရှိသောလူ့စွမ်းအားအရင်းအမြစ်များကိုခေါ်ယူခန့်ထားနိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့်စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။၄င်းပြပွဲတွင် work.com.mm မှပြခန်းဖွင့်လှစ်၍အလုပ်လျှောက်လွှာများလက်ခံပေးခဲ့ရာအများစုမှာဘဏ်လုပ်ငန်းကိုစိတ်ဝင်စားမှုများ ကြောင်းသိရသည်၊လျှောက်ထားမှုအများဆုံးအလုပ်အကိုင်များအနေဖြင့်Accountant/Finance (စာရင်းကိုင်နှင့်ဘဏ္ဍာရေး)၊HR Management (လူ့စွမ်းအားအရင်းအမြစ်စီမံ)၊Business Management(စီးပွားစီမံ)၊Marketing(စျေးကွက်မြှင့်တင်ရေး)အလုပ်များကိုလျှောက်ထားမှုများရှိကြောင်းသိရသည်။မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားများကမန္တလေးနှင့်တောင်ကြီးအခြေစိုက်လုပ်ငန်းများကိုဦးစားပေးရွေးချယ်လျှောက်ထားကြပြီး၊မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများကမန္တလေးနှင့်မုံရွာအ ခြေစိုက်လုပ်ငန်းများကိုဦးစားပေးရွေးချယ်လျှောက်ထားခဲ့ကြောင်းသိရသည်၊

No comments: