Wednesday, October 14, 2015

Motors.com.mm ရှိ ရောင်းချရန်ကားများကို Beetalk မှတဆင့် ကြည့်ရှုဝယ်ယူနိုင်ပြီ

ရန်ကုန်၊ မြန်မာ ။ ။ အွန်လိုင်းကားအရောင်းအဝယ်စျေးကွက် Motors.com.mm သည် လူမှုဆက်သွယ်ရေး Application တစ်ခု ဖြစ်သည့် Beetalk တွင် လူထုအကောင့် (Public Account) တစ်ခုကို ဖွင့်လှစ်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။

အဆိုပါ Public Account တွင် Motors.com.mm  ရှိ ရောင်းချရန်ကားများ၊ မော်တော်ယာဉ်နှင့်ပက်သက်သည့် ဆောင်ရန် ရှောင်ရန်များ၊ ကားနည်းပညာဆိုင်ရာ ဆောင်းပါးများ၊ မြန်မာမော်တော်ယာဉ်စျေးကွက်၏ နောက်ဆုံးရ သတင်းများကို အချိန်နှင့်တပြေးညီ ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။
Motors.com.mm သည် မြန်မာ့ကားစျေးကွက်၏ ၉၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် အွန်လိုင်းကားအရောင်း အဝယ်စျေးကွက်တစ်ခုဖြစ်သည့် အားလျှော်စွာ ပြည်တွင်းကားစျေးကွက်အတွင်းရှိ ကားအရောင်းအဝယ်ပြုလုပ်သူများ၏ အရည်အသွေးပိုင်းတွင် ယုံကြည်စိတ်ချနိုင်သည့် ရောင်းချရန်ကားကောင်းကားသန့်များကို ယခုဖွင့်လှစ်လိုက်သည့် Beetalk Public Account တွင် လေ့လာကြည့်ရှုပြီး ရောင်းချသူနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည် ဖြစ်သည်။
Motors.com.mm၏ Beetalk Public Account ဖွင့်လှစ်ခြင်းနှင့် ပက်သက်၍ Motors.com.mm ၏ Managing Director Ms.Rianne Roggema က “ မြန်မာနိုင်ငံက ကားဝယ်သူတွေ အနေနဲ့ ကားဝယ်ရာဖို့ဆုံးဖြတ်ရာမှာ အဆင်ပြေလွယ်ကူစေဖို့နဲ့ ကားတွေကို လွယ်ကူစွာရှာဖွေနိုင်မယ့် ၀န်ဆောင်မှုမျိုးပေး နိုင်ဖို့ Motors.com.mm က အမြဲအသင့်ရှိပါတယ်။ Beetalk က မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Social Chatting App တစ်ခုလည်းဖြစ်တဲ့အပြင် ဗဟုသုတရစရာ Public Account ကဏ္ဍလည်း ပါ၀င်တာကြောင့် Chatting App သုံးရင်း ကားဝယ်လို့ရနိုင်မှာပါ။ ဒါ့အပြင် ကားရဲ့အင်ဂျင်ပိုင်းဆိုင်ရာ၊ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ဗဟုသုတတွေကို လူငယ်တွေအနေနဲ့ လေ့လာနိုင်မှာပါ ” ဟု မှတ်ချက်ပြု ပြောကြားသည်။
    “ Beetalk က သုံးစွဲသူဦးရေ ခုနှစ်သန်းရှိတဲ့ Social Chatting App တစ်ခုဖြစ်ပြီး လူငယ်ပိုင်း အသုံးများပါတယ်။ ကားနဲ့ဆိုင်တဲ့ ဗဟုသုတတွေ၊ အသုံးဝင်မယ့် နည်းလမ်းတွေကို Beetalk ကတဆင့် လူငယ်တွေကို အသိပညာပေးနိုင်မယ့် အပြင် အွန်လိုင်းမှာ စကားစမြည်ပြောရင်း ကားဝယ်နိုင်တော့မှာပါ ” ဟု Beetalk ၏ Public Relations Executive မမေမြသူ ပြောကြားသည်။
Beetalk သည် မြန်မာတစ်နိုင်ငံလုံးအနှံ့ သုံးစွဲသူဦးရေ (၇) သန်းခန့်ရှိသည့် မြန်မာနိုင်ငံရှိ လူသုံးအများဆုံး လူမှု ဆက်သွယ်ရေး Social Chatting App တစ်ခုဖြစ်သည်။ အခမဲ့ဖုန်းခေါ်ဆိုခြင်း၊ အခမဲ့ စာတိုပေးပို့ခြင်း၊ အနီးပတ်ဝန်းကျင်ရှိ မိတ်ဆွေသူငယ်ချင်းများနှင့် စကားစမြည်ပြောဆိုနိုင်ခြင်း၊ နယ်ပယ်အသီးသီး၏ Public Account များမှ ဗဟုသုတရဖွယ် သတင်းအချက်အလက်များကို လေ့လာနိုင်ခြင်းတို့ကြောင့် သုံးစွဲသူဦးရေ လျှင်မြန်စွာတိုးတက်နေသည့် Social Chatting App တစ်ခုဖြစ်ခြင်းကြောင့်Motors.com.mmအနေဖြင့် Beetalk တွင် Public Account ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
Beetalk သုံးစွဲသူများအနေဖြင့် Beetalk >> Contacts >> Public Account >> Add သို့ ၀င်ရောက်ပြီး BeetalkID ဖြစ်သည့် “ motorsmm ” ဟု ထည့်သွင်းရှာဖွေပြီး Motors.com.mm ကို Follow လုပ်ထားခြင်းဖြင့် ပြည်တွင်းကားစျေးကွက်အခြေအနေကို သိရှိနိုင်မည်ဖြစ်သည်။
ရန်ကုန်၊ မြန်မာ ။ ။ အွန်လိုင်းကားအရောင်းအဝယ်စျေးကွက် Motors.com.mm သည် လူမှုဆက်သွယ်ရေး Application တစ်ခု ဖြစ်သည့် Beetalk တွင် လူထုအကောင့် (Public Account) တစ်ခုကို ဖွင့်လှစ်မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။
အဆိုပါ Public Account တွင် Motors.com.mm ရှိ ရောင်းချရန်ကားများ၊ မော်တော်ယာဉ်နှင့်ပက်သက်သည့် ဆောင်ရန် ရှောင်ရန်များ၊ ကားနည်းပညာဆိုင်ရာ ဆောင်းပါးများ၊ မြန်မာမော်တော်ယာဉ်စျေးကွက်၏ နောက်ဆုံးရ သတင်းများကို အချိန်နှင့်တပြေးညီ ကြည့်ရှုလေ့လာနိုင်မည် ဖြစ်သည်။
Motors.com.mm သည် မြန်မာ့ကားစျေးကွက်၏ ၉၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားသည့် အွန်လိုင်းကားအရောင်း အဝယ်စျေးကွက်တစ်ခုဖြစ်သည့် အားလျှော်စွာ ပြည်တွင်းကားစျေးကွက်အတွင်းရှိ ကားအရောင်းအဝယ်ပြုလုပ်သူများ၏ အရည်အသွေးပိုင်းတွင် ယုံကြည်စိတ်ချနိုင်သည့် ရောင်းချရန်ကားကောင်းကားသန့်များကို ယခုဖွင့်လှစ်လိုက်သည့် Beetalk Public Account တွင် လေ့လာကြည့်ရှုပြီး ရောင်းချသူနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည် ဖြစ်သည်။Motors.com.mm ၏ Beetalk Public Account ဖွင့်လှစ်ခြင်းနှင့် ပက်သက်၍ Motors.com.mm ၏ Managing Director Ms.Rianne Roggema က “ မြန်မာနိုင်ငံက ကားဝယ်သူတွေ အနေနဲ့ ကားဝယ်ရာဖို့ဆုံးဖြတ်ရာမှာ အဆင်ပြေလွယ်ကူစေဖို့နဲ့ ကားတွေကို လွယ်ကူစွာရှာဖွေနိုင်မယ့် ၀န်ဆောင်မှုမျိုးပေး နိုင်ဖို့ Motors.com.mmက အမြဲအသင့်ရှိပါတယ်။ Beetalk က မြန်မာနိုင်ငံမှာ လူသုံးအများဆုံး Social Chatting App တစ်ခုလည်းဖြစ်တဲ့အပြင် ဗဟုသုတရစရာ Public Account ကဏ္ဍလည်း ပါ၀င်တာကြောင့် Chatting App သုံးရင်း ကားဝယ်လို့ရနိုင်မှာပါ။ ဒါ့အပြင် ကားရဲ့အင်ဂျင်ပိုင်းဆိုင်ရာ၊ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ဗဟုသုတတွေကို လူငယ်တွေအနေနဲ့ လေ့လာနိုင်မှာပါ ” ဟု မှတ်ချက်ပြု ပြောကြားသည်။

No comments: