Monday, September 7, 2015

Condominiun ထက် အဆင့်မြင့်တိုက်ခန်းများ ဌားရမ်းမူမြင့်မားလာ


မြန်မာနိူင်ငံ၏ ၀ါတွင်းကာလအိမ်ခြံမြေရောင်းဝယ်မူတွင် ရောင်းချသူများသာပိုမိုများပြားကာ ၀ယ်ယူလိုမူအားမှာ နည်းပါးကြောင်းကိုတွေ ့ရှိရလေသည်။မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော www.Ads.com.mm  တွင် အိမ်ခြံမြေနဲ ့ပါတ်သတ်ပြီးရောင်းလိုအား အမြင့်ဆုံးနေရာများနှင့်ပါတ်သက်ပြီး သတင်းထုတ်ပြန်သည်။လက်ရှိတွင် ရန်ကုန်မြို ့တွင် းရှိ                                မြောက်ဒဂုံ မှာ အိမ်ခြံ မြေရောင်းလိုမူ        အမြင့်တတ်ဆုံးအဖြစ်ရပ်တည်ကြောင်းကို      တွေ ့ရှိရလေသည်။


“ကျွန်တော် တို ့ဝက်ဘ်ဆိုက်တစ်ခုလုံ းမှာ အိမ်ခြံမြေပေါင်း ( ၃၄၃၂) ကျော်ကိုရှာဖွေ ၀ယ်ယူနိူင်ပါတယ် ။ လက်ရှိ အသင့်နေထိုင်နိူင်တဲ ့အိမ် ၊ တိုက်ခန်းနှင့် အိမ်ခန်းပေါင်း ( ၂၁၂၁ ) ရှိပြီး ၊ ဥယျာဉ်ခြံမြေပေါင်း    (၁၂၄၈ ) နှင့် အဆောင် နှင့်ရုံးခန်းပေါင်း (၆၃) ခန်းတို ့ကိုအသေးစိတ်ရှာဖွေနိူင်ပါတယ်။ဒီဝါတွင်းကာလမှာ အိမ်ခြံမြေစျေးကွက်က ငြိမ်နေတာကိုတွေ ့ရပါတယ်။ရောင်းလိုအား ကမြင့်တတ်နေပြီး ၀ယ်လိုအားဘက်မှ အဝယ်လိုက်တာ အရမ်းကိုနည်းနေတာကိုတွေ ့ရှိရမှာဖြစ်ပါတယ်။လက်ရှိရောင်းလိုသူတွေနဲ ့ပွ ဲစားတွေ လက်ထဲမှာရောင်းချင်နေတဲ ့အရေအတွက်ကများနေတယ်လို ့လဲ ပြောကြပါတယ် ။၀ါတွင်းကာလတလျှောက်တော့် အွန်လိုင်းအိမ်စျေးကွက် ကတော် ့ငြိမ်နေတာကိုတွေ ့ရမှာဖြစ်ပြီး ၊ အဌားစျေးကွက်လောက်ဘဲရှိပါတယ် ။အဌားစျေးကွက်မှာ လူကြိုက်အများဆုံးမြို ့နယ်တွေ ကတော့် မြေနီကုန်း၊ကမာရွက်နဲ ့လှိုင်ဘက်တွေ ဖြစ်ပြီး နိူင်ငံခြားသားတွေပါ Condo ဌားနေတာထက် တိုက်ခန်းတွေကိုပြောင်းပြီး                     ဌားရမ်းလာတာကိုလဲ တွေ ့ ရှိလာရပါတယ်။ မြန်မာပြည်အတွင်းမှာရေကြီးမူဖြစ်ပြီးနောက်ပိုင်းမှာ နယ်ဘက်ကလည်း  အွန်လိုင်းပေါရှိ အိမ်ခြံမြေစျေးကွက် စီးပွားရေ းဘက်ကိုစိတ်ဝင်စားမူ လုံးဝလျှော့ကျနေတာကိုတွေ ့ ရမှာဖြစ်ပါတယ်။၀ါတွင်းအပြီးလောက်မှာဘဲ ၀ယ်လက်လေးတွေ ပြန်လိုက်လာမယ်လို ့ထင်မြင်မိပါတယ်” ဟု www.Ads.com.mm  မှ Head Of Public Relations ဖြစ်သူ Mr . Elijah Htang မှ ပြောသည်။
“ကျွန်မတို ့ပွဲစားတွေ မှာ လက်ရှိ အရောင်းက လုံးဝမရှိသလောက်ကို ပါးနေပါတယ်။အဌားစျေးကွက်ကတော့် ပုံမှန်တွေ ဖြစ်နေပါတယ်။လက်ရှိနိူင်ငံခြားသားတွေ အနေများတဲ ့စမ်းချောင်း၊လှည်းတန်းတွေ မှာတော့်  အခန်းတွေကို အဆင့်မြင့် Air-Con နှင် ့အခန်းတွေ ကိုကောင်းကောင်းပြင်ပြီးဌားလာကြတော့် condo မှာနေတဲ အရေအတွက်ထက် တိုက်ခန်းကိုပြောင်းနေကြတာကိုတွေ ့ရတယ်။မပြင်ဆင်ဘဲ လေးလွာ၊ ငါးလွာကို ( ၂) သိန်းလောက်နှင့်ဌားရမ်းနိူင်ပေမယ့် အိပ်ယာ ၊ရေခဲသေတ္တာနဲ ့ အဲ ကွန်းတွေ ထည့် လိုက်ပြီး (၄) သိန်းနှင့် အထက်နှင့်ဌားတဲ ့ပုံစံကိုပြောင်းလဲလာကြပါတယ်။နယ်ဘက်ကလာပြီးအဆောင်နေတဲ ့ လူတွေအတွက်        အဆောင်စျေးတွေ က ( ၂၅၀၀၀) ကနေ (၃၅၀၀၀) လောက်အထိရှိနေပါတယ်” ဟု စမ်းချောင်းတွင် အိမ်ခြံမြေပွဲစားလုပ်ကိုင်လျက်ရှိသော မဝါ၀ါကျော်မှ ပြောသည်။
မြန်မာပြည်၏ အဓိကနေရာဖြစ်သော ရန်ကုန်မြို ့သည် လူနေထူထပ်ပြီး ရှိနေသည့် လူဦးရေထက် အိမ်များမှာ ပိုလိုအပ်ကြောင်းကိုတွေ ့ရှိရသည်။ ပညာသင်လူငယ်အများစုနဲ ့လုပ်ငန်းအတွေ ့အကြုံအသစ်အတွက် စတင်လုပ်ကိုင်ရသော နယ်မှလူငယ်များသည် ရန်ကုန်တွင်သာ အခြေချလာကြောင်းကိုတွေ ့ ရှိလာရလေသည်။လက်ရှိတန်ဖိုးနည်းအိမ်ယာများတို းတတ်များပြားလာသော်လည်း စျေးနူန်းမြင့်တတ်မူများကြောင့် ၀ယ်လက်များနည်းပါးလျက်ရှိကြောင်းကိုလဲသိရှိရသည်။

No comments: