Wednesday, May 25, 2016

အရောင်းကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်များသုံးလဆက်တိုက်မြင့်တက်နေဆဲဟုဆို


           ပြီးခဲ့သည့်သုံးလအတွင်း အရောင်းကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်မြင့်တက်နေဆဲဖြစ်ကြောင်း
အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုဒ် work.com.mm မှထုတ်ပြန်သည်။ ၄င်းဝက်ဘ်ဆိုဒ်မှလစဉ်အလုပ်
အကိုင်စစ်တမ်း ကိုထုတ်ပြန်ပေးလျက်ရှိရာတွင် ဧပြီလစစ်တမ်းအရအရောင်းကျွမ်းကျင်ဝန်ထမ်း ၊ စာရင်းကိုင်
များပြားခဲ့ကြောင်းသိရသည်။ယင်းကဲ့သို ့ အရောင်းကျွမ်းကျင်လိုအပ်ချက်မှာ ဖေဖော်ဝါရီလမှစတင်ကာ ၊ မတ်နှင့်ဧပြီသုံးလဆက်တိုက်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ယင်းကဲ့သို ့ဆက်တိုက်မြင့်တက်လာရခြင်းမှာ လုပ်ငန်းအများစု၏ ဘဏ္ဏာရေးနှစ်သစ်အပြောင်းအလဲအတွင်း ရင်းနှီးမြုပ်နှံမှုနှင့်စျေးကွက်
ဝေစုကိုဖော်ဆောင်ပေးနိုင်မည့်အရောင်းကျွမ်းကျင်ဝန်ထမ်းများလိုအပ်ချက်နှင့်လည်းဆက်စပ်မှုရှိကြောင်း သိရသည်။
          

 နှစ်သစ်ကူးနောက်ပိုင်းခေါ်ယူမှု အများဆုံးအလုပ်အကိုင်များမှာ - အရောင်းကျွမ်းကျင် ၊ စာရင်းကိုင်
/ဘဏ္ဏာရေး နှင့် မားကတ်တင်း တို ့ကအများဆုံးဖြစ်ပြီး လျောက်ထားသူများဘက်မှ အလျောက်ထားဆုံး အလုပ်အကိုင်များမှာ အိုင်တီ ၊ စာရင်းကိုင် နှင့်အင်ဂျင်နီယာအလုပ်အကိုင်တို ့ကအများဆုံးဖြစ်ကြောင်း
သိရသည်။၀န်ထမ်းခေါ်ယူမှုအများဆုံးလုပ်ငန်းကြီးများမှာတော့ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း ၊
စျေးကွက်ဖြန့်ချီရေး ၊ ဆောက်လုပ်ရေး ၊ ပို ့ကုန်/သွင်းကုန်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးများက အများဆုံးဖြစ်ကြောင်းသိရသည်။၀န်ထမ်းခေါ်ယူမှုအများဆုံး ကုမ္မဏီကြီးများစာရင်းတွင် MPT-KSGM (Joint Coperation) ၊ UMG (Myanmar) နှင့် DKSH Services.Ltd တို ့ဖြစ်ကြောင်းသိရသည်။ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းကြောင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီး
ပေးနိုင်ကြောင်း စစ်တမ်းကဖော်ပြနေသည်။အလုပ်ရှာဖွေမှု ကျား၊မ အချိုးအစားစစ်တမ်းအရ အမျိုးသား
ဦးရေးမှာ 53% နှင့် အမျိုးသမီးဦးရေမှာ 47% ဖြစ်ကြောင်း သိရသည်။ဧပြီလအတွင်း ရန်ကုန်၊မန္တလေးနှင့်
နေပြည်တော်ပြီးလျှင် ပဲခူးနှင့်ဧရာဝတီတိုင်းတို ့ဘက်မှ ၀န်ထမ်းခေါ်ယူမှုများခဲ့ကြောင်းသိရသည်။
အဆိုပါစစ်တမ်းကိုအလုပ်ရှာဖွေသူများနှင့်ဘွဲ ့ကြို၊ဘွဲ ့ရပြီးစလူငယ် များအတွက်ပြည်တွင်းအလုပ်အကိုင်စျေး
ကွက်အခြေအနေကိုသုံးသပ်လေ့လာပြီးမိမိ၏ပညာရေးနောက်ခံ၊ခေတ်စနစ်နှင့်ကိုက်ညီသောအသက်မွေးဝမ်း
ကြောင်းများကိုရွေးချယ်လျောက်ထားနိုင်ရန်ရည်ရွယ်၍လစဉ်ထုတ်ပြန်ပေးလျှက်ရှိကြောင်း work.com.mm မှပြန်ကြားရေးနှင့်ပြည်သူ ့ဆက်ဆံရေးမန်နေဂျာ မဇင်မာသက်မွန်ကပြောသည်။

No comments: