Wednesday, May 25, 2016

ချည်ထည်နှင် ့ဆက်စပ်ပစ္စည်းများ နွေလည်ရာသီတွင်အွန်လိုင်းစျေးကွက်၌ ရောင်းအားမြင့်တတ်လာ


မြန်မာပြည်၏ရာသီဥတုနှင့်ကိုက်ညီမည့် အဝတ်အထည်များသည် ယခုနှစ်ပိုင်းအတွင်း အွန်လိုင်းတွင် အရောင်အသွေးစုံလင်စွာဖြင့် ရောင်းချလာကြောင်းကိုတွေ ့ရှိရပါသည်။ ယင်းရောင်းချသည့် အဝတ်အစားများတွင် မြန်မာပြည်တွင်းဖြစ် ချည်သားများနှင့် ဘန်ကောင်းဘက်မှ ရောင်းချလာသော စပါတ်သားများမှလူကြိုက်အများဆုံး အထည်အလိပ်များဖြစ်လာသည်။

“ မြန်မာပြည်ရဲ့အွန်လိုင်းစျေးကွက်မှာ သူ ့အချိန်နှင့်သူ ရာသီလိုက်ရောင်းရတဲ့ပစ္စည်းတွေ ပြောင်းလဲမူတွေ ရှိပါတယ်။သင်္ကြန်ပြီးချိန်ကနေ မြင့်တတ်လာတဲ ့အပူချိန်ကြောင့် လက်ရှိအချိန်မှာလူအများစုက ရေစိုချည်နှင့်ယက်လုပ်တဲ့ချည်ထည်တွေကို ဝတ်ဆင်လာတာကိုတွေ ့ရပါတယ်။ ချည်သားစစ်စစ်တွေကို လက်ရှိရာသီဥတုနှင့် အကိုက်ညီဆုံးဖြစ်တဲ ့ချည်သားတွေကတော့လူဝတ်များလာပါတယ်။အမျိုးသမီးဝတ်ချည်ထည်တွေကိုဆို စျေးသက်သက်သာသာနှင့် (၄၅၀၀) ကနေစပြီး အွန်လိုင်းကနေ ဝယ်ယူလို ့ရနေတယ်။ပြီးတော့လက်ရှိ ကျွန်တော်တို ့ဝက်ဘ်ဆိုက်မှာဆိုရင် ချည်ထည်တွေဟာ ရောင်းအားအရမ်းကောင်းပြီး လူကြည့်အများဆုံး ကဏ္ဍတစ်ခုလဲဖြစ်လာပါတယ်။ ဒီရာသီဥတုနှင့် လိုက်ဖက်မူရှိပြီး သက်တော့သက်သာဖြစ်မယ် ့အဝတ်အစားကိုလူတွေကို ပိုပြီးရွေးချယ်လာကြတယ်။ မြန်မာဝတ်စုံတွေဆိုရင်လညး် ဖဲသားစတွေထက် ချည်သားတွေကို ပိုဝတ်လာကြတာကို တွေ ့ရပါတယ်။ အွန်လိုင်းအပြင် အပြင်စျေးကွက်မှာပါ ချည်သားအရောင်းဆိုင်တွေ က ရောင်းအားကောင်းတာကို တွေ ့ရပါတယ်” ဟု Ads.com.mm ၏ Head Of Product ဖြစ်သူ ကိုဟိန်းအောင်ကျော်မှပြောသည်။
“ဒီလိုပူအိုက်တဲ ့ရာသီခွင်မှာ လူတွေက အတွက်သက်တော့သက်တာဖြစ်စေမယ့်အဝတ်အစားတွေကို ဝတ်ဖို ့အကြံပြုပါတယ်။ကျွန်မဆိုရင်ချည်သားလေးတွေကိုဘဲ ဝတ်ဖြစ်တယ် ။ခေတ်မှီပြောင်းလဲလာတဲ ့ဒီဘက်ခေတ်မှာဆိုရင်  ချည်အကျီတွေဆိုပေမယ် ဒီဇိုင်းမျိုးစုံ ၊ အရောင်အသွေးစုံကို အွန်လိုင်းကနေ တဆင့်ရှာဖွေဝယ်ယူလို ့လဲ အဆင်ပြေနေပါပြီး။လက်ရှိ ချည်ထည်အများစုကိုတော့ အွန်လိုင်းပေါ်ကနေ တဆင့်ဝယ်ယူတာပိုများပါတယ်” ဟု အွန်လိုင်းဖက်ရှင်မှ  စျေးဝယ်သူ မမို ့မို ့လွင်မှပြောသည်။
လက်ရှိမြန်မာပြည်၏အွန်လိုင်းစျေးကွက်တွင် ရာသီလိုက်ဝယ်လိုအား ရောင်းလိုအားများသည် ပြောင်းလဲ မူရှိလာပြီး ၊ Offline ကဲ့သို ့ပင် အွန်လိုင်းအား ကျယ်ပြန့်စွာအသုံးပြုလာ ကြလေသည်။ (၂၀၁၅) ပိုင်းအစောပိုင်းတွင် အွန်လိုင်း၌ စျေးရောင်းဝယ်မူများတွင် ရောင်းသူ ၊ဝယ်သူကြား ယုံကြည်မူ အားနည်းခဲ့သော်လည်း လက်ရှိအချိန်၌ အွန်လိုင်းစျေးအတွင်း ဝယ်ယူမူများသည် တဦးအပေါ်တွင် တစ်ဦး ယုံကြည်မူများ မြင့်တတ်လာကြောင်းကိုလည်းတွေ ့ရှိရလေသည်။

No comments: