Wednesday, May 4, 2016

ဒေါ်လာစျေးများကျဆင်းလာမူနှင့်အတူ လျှပ်စစ်ပစ္စည်းစျေးနူနး်များ အနည်းငယ်လျှော့ကျလာ


မြန်မာပြည်၏ ပြောင်းလဲနေသော ဒေါ်လာစျေးနူန်းများကြောင့် မြန်မာနိူင်ငံ၏ အွန်လိုင်းစျေးကွက်တွင် စျေးနူန်းပြောင်းလဲမူများ ဖြစ်ပေါ်လာကြောင်းတွေ ့ရှိလာရသည်။သင်္ကြန်ပြီးချိန်မှ ကျဆင်းလာသော ဒေါ်လာစျေးနူန်းများကြောင့် အီလက်ထရောနစ်စျေးနူန်းများမှာ စျေးနူန်းများ အနည်းငယ် ကွာဟလာသည်။မြန်မာပြည်၏အွန်လိုင်းစျေးကွက်တစ်ခုဖြစ်သော www.ads.com.mm တွင်လည်း တပါတ်ရစ်စျေးကွက်များအတွင်း စျေးနူန်းများ ပြောင်းလဲ လာမူကို သတင်းထုတ်ပြန်ထားသည်။

 “ဒေါ်လာစျေးနူန်းတွေ ကျဆင်းလာတာနှင့်အမျှ အီလက်ထရောနစ် ပစ္စည်းစျေးနူန်းတွေရဲ့  စျေးကွာဟမူကလည်း တဖြည်းဖြည်းရှိလာတာကိုတွေ ့ရှိရပါတယ်။ဒီစျေးကွာဟချက်တွေကို တပါတ်ရစ်စျေးကွက်မှာဆို ပိုမြင်သာမူရှိတယ်။ဘာကြောင့်လဲဆိုတော့ အီလက်ထရောနစ်နှင့်ပါတ်သက်တဲ့ ပစ္စည်းတွေက တပါတ်ရစ်စျေးကွက်မှာရောင်းဝယ်ပြီးဆို ၄၀ ရာခိုင်နူန်းလောက်အထိ လျှော့ချပြီးရောင်းချတာတွေကို တွေ ့ရှိရတယ်။ဒေါ်လာစျေးနှင့်ဝင်လာတဲ့ ကုန်ပစ္စည်းတွေတိုင်းဟာ Model နိမ့်သွားတာတို ့၊ ဟောင်းသွားပြီဆိုရင် စျေးက သိသိသာသာ လျှော့ကျတာကို တွေ ့ရပါတယ်။လက်ရှိရာသီဥတုပူအိုက်လာတာနှင့်အမျှ ပန်ကာ၊လေအေးပေးစက်နှင့် အဲကွန်းအများစုကို ကျွန်တော်တို ့ဝက်ဘ်ဆိုက်မှာ အရောင်းအဝယ် သွတ်လာတာကို တွေ ့ရပါတယ်။တပါတ်ရစ်အဲကွန်းတွေကို လက်ရှိ ဝင်ရောက်ကြည့်ရူသူရော ၊အသုံးပြုဝယ်ယူကြပြီး  လက်ရှိလူသုံးအများဆုံးကဏ္ဍအဖြစ် တွေ ့ရှိရပါတယ်။လက်ရှိဝက်ဘ်ဆိုက်ရဲ့ လျှပ်စစ်နှင့်ဆက်စစ်ပစ္စည်းကဏ္ဍမှာဆိုရင် အဲကွန်းနှင့် လေးအေးပေးပေါင်း (၆၀၀) ကျော်ကိုလည်း စိတ်ကြိုက်ရှာဖွေနိူင်ပါတယ် “ ဟု www.ads.com.mm ၏  Head Of Public Relations ဖြစ်သူ Mr.Elijah htang မှပြောသည်။
“ ဒီရာသီမှာ Air-Corn ဆင်ရတာပိုများတယ် ။ပြီးတော့ ဒီနှစ်ပိုင်းမှာ ပိုပူတော့ လေအေးပေးစက်တပ်တဲ့သူတွေ ပိုများလာတယ်။ဒေါ်လာစျေးနူန်းတွေကျလာတာနဲ ့အနည်းငယ် စျေးကွာဟချက်ဖြစ်လာတော့ Air – Corn တပ်ဆင်တဲ ့လူတွေပိုများလာပါတယ်။တပါတ်ရစ်Air –Corn တွေပါ စျေးသက်သာတဲ ့အတွက် တပ်ဆင်တဲ့လူများလာသလို ၊ရေခဲသေတ္တာ နှင့်ပန်ကာတွေက အစ ဒီနှစ်ပိုင်းမှာ ရောင်းအားပိုကောင်းလာပါတယ်  “ ဟု Renew Once ဆိုင်ပိုင်ရှင်ဖြစ် ကိုမင်းထက်မှ ပြောသည်။
မြန်မာနိူင်ငံအတွင်း အွန်လိုင်းစျေးကွက်သည် (၂၀၁၆) တွင် လူကြိုက်အများဆုံးနှင့် လုပ်ငန်းရှင်များ၏ အဓိက ကြော်ငြာသည့် စျေးကွက်တစ်ခုဖြစ်လာပြီး ၊ လူငယ်နှင် လူလတ်ပိုင် းအများစုကို အဓိက ပစ်မှတ်ထားကြော်ငြာသည် ကုန်ပစ္စည်းများ၏ အဓိက ကြော်ငြာရာစျေးကွက်နေရာသစ် ဖြစ်လာလေသည်။လူလတ်ပိုင်းနှင့် စျေးဝယ်သူများ စျေးနူန်း လေ့လာရန်နှင့်ပစ္စည်းလေ့လာရန် အတွက် အကောင်းဆုံးနေရာဖြစ်လာလေသည်။

No comments: