Tuesday, October 20, 2015

နယ်မြို ့များ အသုံးပြုမူမြင့်တတ်လာသော အွန်လိုင်းအခမဲ့ကြော်ငြာစျေးကွက်



မြန်မာနိူင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ၌  အွန်လိုင်းစီးပွားရေးလုပ်ကိုင်လာသူများမြင့်တတ်လာသည်နှင့်အမျှ နယ်မြို ့များမှလည်း အွန်လိုင်းအသုံးပြုမူမြင့်တတ်လာပြီး အွန်လိုင်းစျေးကွက်များကို ကောင်းမွန်စွာအသုံးချမူများ မြင့်တတ်လာကြောင်းကို www.ads.com.mm မှ ယင်းတို ့ဝက်ဘ်ဆိုက်အတွင်းမှ အရောင်းအဝယ်များနှင့် ပါတ်သက်၍ သတင်းထုတ်ပြန်သည်။



မြန်မာပြည်၏ အွန်လိုင်းစျေးကွက်အတွင်း ကားစျေးကွက်နှင့်မော်တော်ဆိုင်ကယ်စျေးကွက်သည်လည်း အွန်လိုင်းစျေးရောင်း၊ စျေးဝယ်သူများ၏ သည်းခြေကြိုက်စျေးကွက်ဖြစ်လာသည်။မြန်မာပြည်၏ အခမဲ့အွန်လိုင်းစျေးကွက် တစ်ခုဖြစ်သော www.ads.com.mm မှ ယင်းဝက်ဘ်ဆိုက်ပါတ်သက်၍ မော်တော်ယာဉ်စျေးကွက်အား “ ကျွန်တော်တို့ လက်ရှိမြန်မာပြည်မှာ မော်တော်ယာဉ်တပါတ်ရစ်စျေးကွက်ကို ကောင်းကောင်းအသုံးချလာတာကိုတွေ ့ မြင်ရမှာဖြစ်ပါတယ်။ပစ္စည်းတစ်ခု ကမော်ဒယ်သစ်တစ်ခုနှင့် တစ်ခု Period ကသိပ်မကြာတော့် လူတွေ အများစုတပါတ်ရစ် စျေးကွက်မှာလာစုနေတာကိုတွေ ့ မြင်ပါရပါတယ်။ ပစ္စည်းကောင်းကောင်းကို ရှာတတ်ရင် တပါတ်ရစ်အွန်လိုင်းစျေးကွက်တွေကနေ စျေးသက်သက်သာသာနှင့် ရရှိလာကြတာကိုတွေ ့ရှိရမှာဖြစ်ပါတယ်။ခုနောက်ပိုင်းဆိုရင် မန်းလေး ၊တောင်ကြီး နှင့် ရွှေဘိုဘက်တွေ ကလည်း တပါတ်ရစ်မော်တော် ဆိုင်ကယ်တွေကိုရောင်းဝယ်မူ မြင့်တတ်လာကိုတွေ ့ရပါတယ်။နယ်ဘက်က အိမ်သုံးကားတွေ အပြင်လုပ်ငန်းသုံးကားတွေ ရော အွန်လိုင်းစျေးကွက်မှာ ကျယ်ကျယ်ပြန် ့ပြန် ့ ရောင်းဝယ်လာတာကိုတွေ ့မြင်ရမှာဖြစ်ပါတယ်” ဟု Head Of Public Relation ဖြစ်သူ Mr. Elijah Htang မှ ပြောသည်။
“ကျွန်တော်တို့ အခမဲ ့ကြော်ငြာဝက်ဘ်ဆိုက်ဆိုတာကို ဒီနှစ်ပိုင်းမှ ဘယ်လိုအသုံးပြုရမလဲဆိုတာ နားလည်လာတာ။ ကြော်ငြာခတွေ ပေးဖို့ လဲ မလိုဘူး ပွဲစားခလဲမလိုဘူးဆိုတော့် ကျွန်တော်တို ့အတွက် အဆင်ပြေတယ် ။ပြီးတော့ တကယ်စိတ်ဝင်စားတဲ့လူကလူကိုယ်တိုင်လာကြည့်ပြိး စိတ်ကြိုက်စျေးညှိနှိုင်းလို ရတဲ့အတွက် ရောင်းသူရော ၀ယ်သူရော နှစ်ဦးနှစ်ဘက်ကျေနပ်မူရစေတဲ့ အတွက် အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်ကို ပိုပြီး အသုံးဖြစ်လာပါတယ်။ကျွန်တော်တို ့ဆိုင်ကယ်ပွဲစားတွေ သာမက တပါတ်ရစ်စျေးကွက် လုပ်ကိုင်နေသူတွေရော ပစ္စည်းအသစ်ရောင်ချင်တဲ့လူတွေ အတွက်ပါ အရမ်းသင့်တော်ပါတယ်။နောက်ပိုင်းအွန်လိုင်းစီးပွားရေးကပိုမို ဖွိ ့ဖြိုးလာတာနဲ ့လူတွေက ဒီဘက်ကိုပိုမှီခိုပြီး စီးပွားရေး လုပ်ငန်းတွေ ပိုမိုလုပ်ကိုင်လာတာကိုတွေ ့မြင်လာရမှာ ဖြစ်ပါတယ်” ဟု မန္တာလေးမှ ကိုမြင့်ဇော်အောင်မှ ပြောသည်။
မြန်မာပြည်၏ အခမဲ့ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုဖြစ်သည် ့ www.ads.com.mm တွင်  ကားမော်တော်ယာဉ်နှင့် ပါတ်သတ်၍ အစီးရေ ပေါင်း (၄၀၈၇ ) ခန့် တွေ ့ရှိရပြီး ဆိုက်ကယ်အစီးရေ ပေါင်း (၈၆၀ ) ခန် ့ကိုရှာဖွေ နိူင်ပြီးဖြစ်သည်။မော်တော်ဆိုင်ကယ်အများစု ကိုနယ်မြို ့များမှ ရောင်းချထားပြီး ၊ ရန်ကုန် မှ ကားရောင်းချမူ အများဆုံးဖြစ်ကြောင်းကို တွေ ့ရှိရလေသည်။ အဆိုပါ၀က်ဘ်ဆိုက်တွင် မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းပေါင်း ( ၅၇၇၄) ခန် ့ကိုရှာဖွေဝယ်ယူနိူင်လေသည်။


No comments: