Tuesday, November 24, 2015

House.com.mm မှ Application အားအဆင့်မြှင့်တင်မှူများပြုလုပ် မြေပုံစနစ်ထည့်သွင်းထားသော Android Application သစ်အားအိမ်ခြံမြေဝက်ဘ်ဆိုက်မှစတင်မိတ်ဆက်





အိမ်ခြံမြေဝက်ဆိုက်တစ်ခုဖြစ်သည့် House.com.mm မှ ၎င်းတို့၏ Android App အားဆန်းသစ်သောအသွင်ဖြင့်ပြောင်းလဲမြှင့်တင်လိုက်သည်။ အဆင့်မြှင့်တင်လိုက်သည့် Application အသစ်မှာသုံးစွဲသူများအဆင်ပြေစေနိုင်ရန်အတွက် မြေပုံအခြေခံစနစ်ကိုဦးစားပေးထားသည်။
မြေပုံစနစ်ကိုထည့်သွင်းဖန်တီးထားရခြင်းမှာသုံးစွဲသူများအဆင်ပြေလွယ်ကူစေရန် နှင့် ပိုမိုတိကျကောင်းမွန်သောနည်းစနစ်တစ်ခုဖြစ်သည့် မြေပုံပေါ်မှ မိမိကြိုက်နှစ်သက်သောအိမ်ခြံမြေများအားFavourite List သို့သိမ်းဆည်းခြင်း၊ဖယ်ထုတ်ခြင်းများပြုလုပ်နိုင်သည့် နည်းပညာအားမိတ်ဆက်ပေးလို၍ဖြစ်သည်။
သို့သော်လည်းပုံများနှင့် စျေးနှူန်းများမဖော်ပြထားသောအိမ်များကိုမူ Search Result တွင် ပေါ်နိုင်မည်မဟုတ်နိုင်ကြောင်းသိရသည်။ ယခင် Listing နှင့် ကြည့်ရသောအနေအထားမှ Map နည်းပညာသို့ System ပြောင်းလိုက်ပါကလည်းယခင် ကြည့်ခဲ့သည့်အိမ်များနှင့် ယခင်ရောက်ရှိနေသည့် နေရာမှပင် ပြန်လည်စတင်နိုင်ရန်စီစဉ်ထားရှိသည်။


နောက်ဆုံးမြှင့်တင်ထားသော Version တွင် နောက်ဆုံးကြည့်ခဲ့သောအိမ်များအား Offline အနေဖြင့်ပြန်လည်ကြည့်ရှူနိုင်ခြင်း၊ ကြိုက်နှစ်သက်သောအိမ်များနှင့် ကြည့်ရှူပြီးအိမ်များအားထင်ရှားသောအမှတ်အသားများအားဖော်ပြပေးခြင်းအစရှိသည့် အခြားသောအားသာချက်အများအပြားထည့်သွင်းထားရှိသည်။
House.com.mm ၏ မိခင်ကုမဏ္ဏီဖြစ်သောLamudi Global ၏မန်နေဂျင်းဒါရိုက်တာဖြစ်သူKianMoiniမှ “ လွန်ခဲ့တဲ့နှစ်နှစ်တုန်းက  ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကိုအိမ်ရှာဖွေနေတဲ့ မိုဘိုင်းဖုန်းအသုံးပြုသူတွေအတွက် ၀က်ဆိုက်အနေအထားကနေ Application အနေနဲ့ပြောင်းခဲ့ပါတယ်။ ကျွန်တော်တို့ Android Application ရဲ့ နောက်ဆုံး Version မှာဆိုရင် အရင်က Version တွေထက်သာလွန်ခဲ့ပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ အစကာလဖြစ်နေသေးပါတယ်။ နောင်ကို ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေရဲ့လိုအပ်ချက် နဲ့ Market ရဲ့ပြောင်းလဲမှူတွေကိုလိုက်ပြီးတော့ ကျွန်တော်တို့ရဲ့ Mobile Product တွေကိုလိုက်ပြီးပြောင်းလဲပေးနေဦးမှာပါ။” ဟုပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်တွင်  House.com.mm မှ Andriod App အားမိတ်ဆက်ခဲ့ပြီးအိမ်ခြံမြေရှာဖွေကြည့်ရှူခြင်းကိုမိုဘိုင်းဖုန်းများဖြင့် ပိုမိုလွယ်ကူစွာကြည့်ရှူနိုင်ရန် စတင်ခဲ့ခြင်းဖြစ်သည်။ စတင်မိတ်ဆက်ခဲ့ချိန်မှစ၍အဆင့်မြှင့်တင်ခြင်းများကိုအကြိမ်များစွာလုပ်ဆောင်ခဲ့ပြီးဖြစ်ရာယခုအခေါက်တွင်မူတစ်မူထူးစွာဖြင့် မြေပုံစနစ်ကိုထည့်သွင်းခဲ့ခြင်းဖြစ်သည်။
စတင်ခဲ့ချိန်မှစ၍Lamudi ၏ Application အား Download ပြုလုပ်မှူအကြိမ်အရေအတွက်မှာ ၆၃၀,၀၀၀ ကျော်ရှိပြီဖြစ်ပြီးအဓိက Download ရယူမှူများမှာအာရှ နှင့် အရှေ့အလယ်ပိုင်းမှဖြစ်ကြသည်။
Android Mobile Application သုံးစွဲမှူများတွင်ကျယ်လာသည်နှင့်အမျှ အိမ်ရှာဖွေသူများအတွက် ပိုမိုလွယ်ကူကောင်းမွန်သောနည်းပညာများကိုဖန်တီးကာအာဖရိက၊ အာရှ၊ လက်တင်အမေရိက နှင့် အရှေ့အလယ်ပိုင်းမှားရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံ၏ အိမ်ခြံမြေများကိုရှာဖွေနိုင်မည်ဖြစ်သည်။

No comments: